ဇာတ်ကားများ ရွေးရန်

Trojan War

1997ဇာတ်ကားအမှတ် 6.0/1085 မိနစ်

Trojan War (1997) ပရိသတ်ကြီးရေ၊ ဒီတစ်ခါမှာတော့ ၁၉၉၀ ပြည့်လွန်နှစ်များရဲ့ ခေတ်ဟောင်း အမေရိကန် ဆယ်ကျော်သက် ဟာသကားလေးတစ်ကားဖြစ်တဲ့ Trojan War (1997) ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားမှာတော့ အဲဒီခေတ်က နာမည်ကျော် လူငယ်မင်းသား Will Friedle နဲ့ နာမည် မကြီးခင်က Jennifer Love Hewitt တို့ ပါဝင်ထားတာကို တွေ့ရပါမယ်။ ဇာတ်လမ်း အကျဉ်းချုပ် ဇာတ်လမ်းက အထက်တန်းကျောင်းသားလေး ဘရက်ဒ် အကြောင်းပါ။ ဘရက်ဒ်ဟာ သူ အကြာကြီး လိုက်ခဲ့ရတဲ့ အချစ်ဆုံး ကောင်မလေး ဘရွတ် နဲ့ နောက်ဆုံးတော့ ချိန်းတွေ့ပြီး အတူအိပ်ခွင့် ရပါတော့မယ်။ အားလုံး အဆင်ပြေနေတဲ့ အချိန်မှာပဲ ဘရွတ်က ဘရက်ဒ် ကို သူ့ရဲ့အိမ်ကို‌ခေါ် ပြီး သူ့ရဲ့ အချစ်ကို အတည်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဘရက်ဒ် ဟာ အပျော်လုံးဆို့သွားပါတယ်။ ဒါပေမဲ့ ပြဿနာက ဘရက်ဒ် မှာ (Condom) တစ်ခုမှ မရှိတာပါပဲ။ အဲဒီအချိန်ကစပြီး ဘရက်ဒ်ဟာ သူ့ရဲ့ အိမ်အနီးအနားက ဆေးဆိုင်တွေ၊ စတိုးဆိုင်တွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ကွန်ဒုံးရှာပုံတော် ဖွင့်ပါတော့တယ်။ ဒီလို ရှာဖွေရင်းနဲ့ ဘရက်ဒ်ဟာ ညကြီးမင်းကြီး လမ်းပေါ်မှာ အကြမ်းဖက်သမားတွေ၊ လူရမ်းကားတွေနဲ့ လူထူးဆန်းတွေအပါအဝင် မထင်မှတ်ထားတဲ့ လူတွေနဲ့ ဆုံတွေ့ရပါတော့တယ်။ ဘရက်ဒ်ဟာ အချိန်မှီ လိုအပ်တဲ့ ပစ္စည်းကို ရှာတွေ့ပြီး ကောင်မလေးဆီကို အမှီပြန်သွားနိုင်မလား ဒါမှမဟုတ် အထက်တန်းကျောင်းသားဘဝရဲ့ အရေးအကြီးဆုံးညကို အလွဲလွဲ အချော်ချော် ဖြစ်သွားစေမလားဆိုတာကို ရယ်မောရင်း ကြည့်ရှုရမယ့် ဟာသကား‌လေးပဲ ဖြစ်ပါတယ်ခင်ဗျာ.... File Size - 1 GB/ 2.75 GB Quality - WEB-DL 1080p/ 720p Duration - 1h 22m Format - mp4 Genre - Comedy, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း