ဇာတ်ကားများ ရွေးရန်

Dead End

2003ဇာတ်ကားအမှတ် 6.3/1083 မိနစ်

Dead End (2003) IMDb Rating (6.4) / Rotten Tomatoes (80%) တစ်ခုသော ခရစ်စမတ်ညနေမှာ ဟာရင်တန်မိသားစုဟာ နှစ်စဉ်သွားနေကျအတိုင်း ဇနီးဖြစ်သူ လော်ရာရဲ့မိခင်ဆီမှာ ခရစ်စမတ်ညစာစားဖို့ထွက်လာခဲ့ကြပါတယ်။ ဒီညနေမှာမှ ဖခင်ဖြစ်သူ ဖရန့်ခ်က သွားနေကျလမ်းမကြီးပေါ်ကမသွားပဲ ဖြတ်လမ်းကနေမောင်းလိုက်မိပြီး တစ်နေရာမှာ မှေးကနဲဖြစ်သွားရာကနေ ပြန်နိုးလာချိန်မှာတော့ သူတို့ရောက်နေတဲ့လမ်းဟာ တစ်ခြားဖြတ်သွားဖြတ်လာကားမရှိ၊ လမ်းဘေးဆိုင်မရှိ လူသူလုံး၀မရှိတဲ့လမ်းတစ်ခုဆိုတာ တစ်စထက်တစ်စ သတိထားမိလာကြပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး ထူးခြားတဲ့အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာခဲ့တာပါပဲ။ လမ်းဘေးမှာ ကလေးပွေ့ရက်မကြာခဏတွေ့ရတတ်တဲ့ အဖြူရောင်ဝတ်အမျိုးသမီး၊ သူတို့ဘေးကနေ မကြာခဏပေါ်ပေါ်လာတဲ့ ကားနက်တစ်စီး၊ အဲ့ဒီကားနက်ပေါ်ပေါ်လာတိုင်း သူတို့မိသားစုဝင် တစ်ယောက် ကားပေါ်ပါသွားပြီးတဲ့နောက် မကြာခင် အဲ့ဒီမိသားစုဝင်ရဲ့ ရုပ်ပျက်ဆင်းပျက်အလောင်းကို ပြန်တွေ့ရတာမျိုးအစရှိတာတွေနဲ့ ခြောက်ခြားဖွယ်ရာ ညတစ်ညကို သူတို့အားလုံးရင်ဆိုင်ကြရပါတော့တယ်။ ကြည့်ပြီးသူတိုင်းကြိုက်နှစ်သက်ကြတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံတင်ပြပုံနဲ့လှည့်ကွက်တွေကြောင့် နာမည်ကျော်တဲ့ underrated gem တစ်ခုဖြစ်ပြီး အဲ့ဒီလို dark ဖြစ်ပြီးလှည့်ကွက်တွေအပြည့်နဲ့ဇာတ်လမ်းထဲမှာ တစ်ချက်တစ်ချက် ခွီးကနဲရယ်ရမယ့် ဟာသတွေအလိုက်သင့်ပစ်ထည့်ထားနိုင်တာကလည်း စားပါတယ်။ လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size… (1.7 GB) / (780 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horro,Mystery,Thriller Duration…. 01:23:50 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း