ဇာတ်ကားများ ရွေးရန်

The Divine Fury

2019ဇာတ်ကားအမှတ် 6.8/10129 မိနစ်

The Divine Fury (2019) IMDb Rating (6.7) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် 2019 က ထွက်ရှိခဲ့တဲ့ Action-Horror ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ Cast တွေကတော့ မသိသူမရှိတဲ့ မင်းသားချော Park Seo Joon၊ ကိုရီးယားရဲ့ လေးစားအခံရဆုံး မင်းသားကြီး Ahn Sung-Ki၊ မင်းသားချော Woo Do-Hwan တို့ အဓိကပါဝင်ထားပြီး Choi Woo-Sik၊ Park Ji-Hyun စတဲ့ ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား သရုပ်ဆောင်များပါ အားဖြည့်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ~ ဘတ်ယုံးဟူ (Park Seo Joon) ဟာ ငယ်စဥ်က အဖေတစ်ခု သားတစ်ခုဘဝနဲ့ နေရပေမဲ့ ပျော်ပျော်နေတတ်တဲ့ ကလေးဖြစ်ပါတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ဖခင်ဖြစ်သူနဲ့အတူ ဘုရားကျောင်းပုံမှန်တက်ပြီး ဆုတောင်းတတ်ပါသေးတယ်။ ဒီလို ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ ဘတ်ယုံးဟူတစ်ယောက် ဖခင်ဖြစ်သူ မတော်တဆမှုဖြစ်ပြီး သေဆုံးသွားပြီးနောက်မှာတော့ ဘုရားသခင်ကို နာကျည်းပြီး လူတွေကိုပါ မယုံကြည်တော့ဘဲ မုန်းတီးစိတ်ဝင်လာပါတော့တယ်။ လက်ရှိမှာတော့ လက်ဝှေ့သမားတစ်ယောက် ဖြစ်လာတဲ့ ဘတ်ယုံးဟူဟာ တစ်နေ့မှာတော့ အပနှင်တဲ့ ဖာသာအန် (Ahn Sung-Ki) နဲ့ တွေ့ဆုံခဲ့ရပြီးနောက် အားကောင်းတဲ့ မကောင်းဆိုးဝါးကို နှစ်ယောက်အတူ တိုက်ခိုက်ဖို့ ဖြစ်လာရတဲ့အခါမှာတော့.... ယုံးဟူရဲ့ ဘုရားသခင်နဲ့ လူတွေအပေါ် အမြင်က ပြောင်းလဲသွားမလား.... မကောင်းဆိုးဝါးကိုရော နှစ်ယောက်အတူ တိုက်ထုတ်နိုင်မှာလားဆိုတာကိုတော့.... အပနှင်တာအပြင် Park Seo Joon ရဲ့ အက်ရှင်အခန်းတွေကိုပါ တွေ့မြင်ရမှာဖြစ်ပြီး နာမည်ကြီး Cast တွေလည်း ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးကို ပရိသတ်ကြီးတို့ ကြည့်ရှုခံစားစေရန် ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်နော်။ File Size : 1.91GB/ 720MB Quality : NF WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…2hr 09m Genre : Action, Mystery, Horror, Thriller, Supernatural Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း