The Omen
ခရစ်တော်ကို ဆန့်ကျင်တဲ့ Antichrist ဖြစ်သူ ဒေမီယံ လူ့လောကထဲ ရောက်လာပုံကို အစပြုထားတဲ့ သည်းထိတ်ရင်ဖိုကားပါ။ စေတန်ရဲ့သား ဒေမီယံဟာ ယေဝါဖန်ဆင်းထားတဲ့ နိုင်ငံတော်ကို ဖြိုဖျက်ဖို့ လူ့အသွင်နဲ့ ရောက်လာတာဖြစ်ပြီး လူကုံထံတစ်ယောက်ဖြစ်တဲ့ သွန်းရဲ့သားနေရာကို ဝင်ယူထားပါတယ်။ သွန်းရဲ့ စည်းစိမ်ကို အသုံးချပြီး လောကကို စေတန်လိုချင်တဲ့ပုံစံ ပြောင်းပစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေမီယံရဲ့အစကို တင်ဆက်ထားတာပါ။ သွန်းအဖြစ် Gregory Peck၊ သူ့ဇနီးအဖြစ် Lee Remick နဲ့ ဒေမီယံအဖြစ် Harvey Spencer Stephens တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Gregory Peck ကတော့ To Kill a Mockingbird၊ Roman Holiday နဲ့ Cape Fear တို့နဲ့ လူသိများခဲ့သူပါ။ ရုပ်ရှင်ကို လန်ဒန်မှာ အဓိကရိုက်ကူးခဲ့ပြီး ရောမနဲ့ ဂျေရုဆလင်တို့မှာလည်း ရိုက်ကူးထားပါတယ်။ ရုပ်ပုံတင်ဆက်မှုနဲ့ အသံအသုံးအနှုန်းကို အလေးထားထားပြီး ရုတ်တရက် လန့်အောင်လုပ်တဲ့အခန်းတွေကို အလွန်အကျွံ မသုံးထားပါဘူး။ ဇာတ်ဝင်ခန်းတွေထဲမှာ ပဟေဠိတွေ ချန်ထားရင်း လိုအပ်တဲ့နေရာတွေမှာ အသံနဲ့ ထိတ်လန့်မှုကို ပံ့ပိုးပေးထားတယ်။ ဂီတပိုင်းအတွက် အော်စကာဆုရခဲ့ပြီး Jerry Goldsmith ရေးစပ်တဲ့ ဇာတ်ဝင်သီချင်း “Ave Satani” လည်း လူသိများခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း