A Christmas Karen
တွေ့တဲ့နေရာမှာ ပြဿနာရှာတတ်ပြီး လူမျိုးရေးခွဲခြားတဲ့ အပြောအဆိုတွေ လုပ်တတ်တဲ့ သက်လတ်ပိုင်း အမေရိကန်လူဖြူအမျိုးသမီးတွေကို ရည်ညွှန်းသုံးတဲ့ “ကာရင်” ဆိုတဲ့ ဗန်းစကားရှိပါတယ်။ ထစ်ခနဲရှိ ရဲခေါ်မယ်၊ မန်နေဂျာနဲ့ ပြောမယ်လို့ ဆိုတတ်တဲ့ အဲဒီလိုလူမျိုးထဲမှာ ဒီဇာတ်လမ်းရဲ့ ကာရင်လည်း ပါတယ်။ သူ့အမည်ကလည်း ကာရင်ပါပဲ။ ခရစ္စမတ်အကြိုညတစ်ညမှာ ကာရင်ဟာ သူ့သူဌေးမဟောင်းနဲ့ ပြန်ဆုံလိုက်ရပါတယ်။ ဒါပေမဲ့ အဲဒီသူဌေးမက လွန်ခဲ့တဲ့ နှစ် ၂၀၊ ခရစ္စမတ်ညမှာ ကွယ်လွန်ခဲ့သူဖြစ်ပြီး အခု တစ္ဆေအဖြစ် ပြန်လာတာပါ။ အသက်ရှင်စဉ်က သူတစ်ပါးရဲ့ ခင်ပွန်းတွေနဲ့ အိပ်ခဲ့တဲ့အပြစ်ကြောင့် ကြေးချွတ်သန့်စင်ဘုံမှာ အပြစ်ကြွေးဆပ်နေရသူဖြစ်တယ်။ သူ့လိုမဖြစ်စေဖို့ ကာရင့်ကို လာသတိပေးတာဖြစ်ပေမယ့် အဲဒီအပြစ်ကြွေးက သူ့ကို ဘယ်လိုချုပ်နှောင်ထားသလဲဆိုတာလည်း သိရဦးမှာပါ။ အဲဒီနောက် သူဌေးမဟောင်း လွှတ်ပေးလိုက်တဲ့ တစ္ဆေတွေနဲ့အတူ ကာရင်ဟာ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က ခရစ္စမတ်ကာလတွေဆီ ခရီးထွက်ရပါတော့တယ်။ အဲဒီခရီးတွေမှာ သူ ဘာတွေ သိလာရမလဲ။ ပြဿနာအမြဲရှာတတ်တဲ့ ကာရင်နဲ့ တစ္ဆေတွေကြားက ခရီးစဉ်ကရော အဆင်ပြေပြေ ပြီးသွားပါ့မလား။
ဇာတ်လမ်းအကြောင်း