ဇာတ်ကားများ ရွေးရန်

Drive

1997ဇာတ်ကားအမှတ် 6.1/10100 မိနစ်

ဒီဇာတ်ကားလေးကတော့ ၉၀ ရာစုမှာ ထွက်ရှိခဲ့ပြီး ရေပန်းစားခဲ့တဲ့ အမေရိကန်ရောက် ဟောင်ကောင်နိုင်ငံသားတစ်ယောက်ရဲ့ အက်ရှင်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တိုဘီ ဝမ်ဟာ ဟောင်ကောင်ကနေ အမေရိကန်ကို သင်္ဘောတစ်စီးနောက် ခိုးလိုက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ အကြောင်းကတော့ လောင်နည်းပညာကုမ္မဏီက စမ်းသပ်ဆဲနည်းပညာမြင့်စက်ပစ္စည်းတစ်ခုကို တိုဘီရဲ့ ရင်ဘတ်ထဲမှာ ထည့်သွင်းထားလို့ပဲ ဖြစ်ပါတယ်။ လောင် နည်းပညာကုမ္မဏီတင်မကပဲ ကျန်တဲ့နည်းပညာအသိုင်းအဝိုင်းက လူတွေကလည်း အဲဒီစက်ပစ္စည်းကို အရူးတစ်ပိုင်း လိုချင်နေကြပါတယ်။ တိုဘီကတော့ သူ့ရင်ဘတ်ထဲက စက်ကို ဘေးကင်းကင်းနဲ့ ထုတ်ပေးနိုင်ပြီး ပိုက်ဆံပေးဝယ်နိုင်မဲ့ကုမ္မဏီတစ်ခုဆီကို အရောက်သွားချင်တာပါ။ အဲဒီမှာ မာလစ် ဘရိုဒီဆိုတဲ့ လူမဲဘီးကျဲကလည်း မိန်းမက နှင်ထုတ်တာခံရ၊ အသည်းကကွဲ၊ ဘိုင်ကပြတ်၊ သူဝါသနာပါတဲ့ သီချင်းရေးတာကို အရက်ဆိုင်မှာပဲ ဇောက်ချလုပ်နေရာက တိုဘီနဲ့ သူ့ကိုလိုက်နေတဲ့လူတွေနဲ့ ပက်ပင်းတိုးရာကနေ သူတို့နှစ်ယောက်သား ကြုံဆုံမိကြပြီး လူဆိုးတွေလက်ထဲက ကားစုတ်လေးနဲ့ ထွက်ပြေးရပါတော့တယ်။ ဒီတော့ သူတို့နှစ်ယောက်သား ဝယ်လက်ကုမ္မဏီဆီ အရောက်သွားနိုင်ပါ့မလား၊ သူ့ရင်ဘတ်ထဲက ပစ္စည်းက ဘယ်လောက်အရေးကြီးတာလဲ စသဖြင့် သိချင်စိတ်များစွာနဲ့ ခွီလည်းခွီရမဲ့ အက်ရှင်ဟာသ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း