ဇာတ်ကားများ ရွေးရန်

100 Days with Mr. Arrogant

2004ဇာတ်ကားအမှတ် 6.5/1095 မိနစ်

100 Days with Mr. Arrogant (2004) IMDb Rating (6.7) ဒီတစ်ခါမှာတော့ K Rom-Com ရုပ်ရှင်တွေထဲက အကောင်းဆုံးတစ်ကားဖြစ်တဲ့ 100 Days with Mr. Arrogant ဆိုတဲ့ အချစ်ဟာသရုပ်ရှင်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဒီကားထဲမှာတော့ မမလှလှ Ha Ji Won နဲ့ မင်းသားချော Kim Jae Won တို့ရဲ့ ငယ်ဘဝ ပုံရိပ်တွေကိုလည်း မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့... အထက်တန်းကျောင်းသူလေး ဟာယောင်းတစ်ယောက် ရည်းစားဆီက ဖြတ်ခံလိုက်ရပြီး အိမ်ပြန်အလာ အသည်းကွဲကွဲနဲ့ သံဗူးအခွံကို အကန်ကောင်းရာကနေ ဟျောင်းဂျွန်းစီးလာတဲ့ ကားကို သွားမှန်ပါတော့တယ်။ ကားခြစ်ရာထင်သွားလို့ ဝမ် သိန်း ၃၀ အလျော်တောင်းရာကနေ မပေးနိုင်တဲ့အခါမှာတော့ ဟာယောင်းက ဟျောင်းဂျွန်းရဲ့ အစေခံအဖြစ် ရက် ၁၀၀ တိတိ လုပ်ပေးဖို့ သဘောတူလိုက်ပါတော့တယ်။ ဒါပေမဲ့ ဟာယောင်းတစ်ယောက် ကားခြစ်ရာပြင်တာ ဝမ် သောင်းဂဏန်းပဲ ကျတယ်ဆိုတာ သိသွားတဲ့အခါမှာတော့..... တက္ကသလိုလ် ဝင်ခွင့်စာမေးပွဲဖြေမဲ့ အထက်တန်းကျောင်းသူလေးနဲ့ ဥစ္စာပေါ ရုပ်ချော စာတော်တဲ့ တက္ကသိုလ်ကျောင်းသားတို့ရဲ့ ကလေးဆန်ဆန် အချစ်လေးကို ကြည့်ချင်ရင်တော့ ဒီကားလေးကို ရှုစားကြည့်ဖို့ ညွှန်းဆိုလိုက်ရပါတယ်ရှင်။ File Size : 2.18GB/ 1.04GB Quality : NF WEB-DL 1080p/ 720p Format…mp4 Duration…1hr 37m Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း