ဇာတ်ကားများ ရွေးရန်

I Still Know What You Did Last Summer

1998ဇာတ်ကားအမှတ် 5.3/10100 မိနစ်

၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ I Know What You Did Last Summer ရဲ့ နောက်ဆက်တွဲဇာတ်လမ်းပါ။ ကောလိပ်ကျောင်းသူ ဂျူလီဟာ သူ့သူငယ်ချင်းတွေကို သတ်ခဲ့တဲ့ လူသတ်သမားကို မတော်တဆ သတ်မိခဲ့ပြီးနောက် တစ်နှစ်ကြာတဲ့အထိ အိပ်မက်ဆိုးတွေ မက်နေတုန်းပါပဲ။ နေ့စဉ်ဘဝမှာလည်း အရာရာကို ထိတ်လန့်နေဆဲဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အခင်ဆုံးသူငယ်ချင်းလည်းဖြစ်၊ အခန်းဖော်လည်းဖြစ်တဲ့ ကာလာက ရေဒီယိုအစီအစဉ်တစ်ခုကနေ ဘဟားမားအပန်းဖြေခရီးလက်မှတ် လေးစောင် ရလာတယ်။ ဒါနဲ့ ဂျူလီ၊ ကာလာ၊ ကာလာ့ရည်းစား တိုင်လာနဲ့ ဂျူလီ့ကို တစ်ဖက်သတ်သဘောကျနေတဲ့ သူငယ်ချင်း ဝယ်လ်တို့ ဇူလိုင်လေးရက် ပိတ်ရက်အတွက် ခရီးထွက်လာကြပါတယ်။ ကျွန်းပေါ်ရောက်ပြီးနောက် ဂျူလီက မူမမှန်တာတွေကို သတိထားမိလာသလို ခြိမ်းခြောက်စာတွေလည်း ရလာတယ်။ သူသတ်မိခဲ့တယ်လို့ ထင်ထားတဲ့ လူသတ်သမား ဘန်ဝဲလေ့စ်ဟာ အသက်ရှင်နေသေးမှန်း သိလိုက်ရချိန်မှာတော့ မုန်တိုင်းကြောင့် ကျွန်းကို လှေအဝင်အထွက်လည်း မရှိတော့ပါဘူး။ ကျွန်းပေါ်မှာ ပိတ်မိနေတဲ့ သူတို့လေးယောက် လူသတ်သမားလက်က လွတ်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း