ဇာတ်ကားများ ရွေးရန်

Violent Night

2022ဇာတ်ကားအမှတ် 7.5/10112 မိနစ်

ဒီဇာတ်လမ်းထဲက ဆန်တာကလော့စ်ဟာ ဆန်တာမဖြစ်ခင်က တိုက်ခိုက်သတ်ဖြတ်ရာမှာ ကြမ်းတမ်းတဲ့ စစ်သည်တော်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ခရစ္စမတ်လက်ဆောင်တွေ ပေးလာပြီးနောက် လူတွေ တဖြည်းဖြည်း လောဘကြီးလာတာကို တွေ့ရင်း ကမ္ဘာကြီးနဲ့ သူ့အလုပ်ကိုပါ စိတ်ကုန်လာတယ်။ အိမ်တစ်အိမ်ထဲ ဝင်လိုက်ရင် နို့နဲ့ ကွတ်ကီးအစား အရက်ပုလင်းကို ရှာသောက်နေပြီး ခရစ္စမတ်ရဲ့ ကောင်းခြင်းတွေကိုလည်း မယုံကြည်တော့ပါဘူး။ ဒါပေမဲ့ တာဝန်ရှိနေသေးတာမို့ လိမ္မာတဲ့ကလေးစာရင်းထဲက ထရူဒီဆိုတဲ့ ကလေးမလေးဆီ လက်ဆောင်ပေးဖို့ ရောက်လာပါတယ်။ ထရူဒီ့မိသားစုက သန်းကြွယ်သူဌေးတွေဖြစ်ပြီး ခရစ္စမတ်မှာ ဆုံကြတိုင်း ကိုယ့်အတွက် ဘာအမြတ်ထုတ်ရမလဲ တွေးနေကြသူတွေပါ။ အဲဒီခရစ္စမတ်ညမှာပဲ လက်နက်ကိုင်တစ်ဖွဲ့က သူတို့စံအိမ်ကို ဝင်စီးပြီး အလုံခန်းထဲက ဒေါ်လာသန်း ၃၀၀ ကို ဖောက်ယူဖို့ ကြိုးစားလာတယ်။ မူးမူးနဲ့ အိမ်ထဲပိတ်မိနေတဲ့ ဆန်တာလည်း ဓားပြတစ်ဖွဲ့လုံးကို ရင်ဆိုင်ရပါတော့တယ်။ Dead Snow နဲ့ Hansel & Gretel: Witch Hunters တို့ကို ရိုက်ကူးခဲ့တဲ့ Tommy Wirkola ရဲ့ အက်ရှင်ဟာသကားဖြစ်ပြီး David Harbour က ဆန်တာအဖြစ် သရုပ်ဆောင်ထားပါတယ်။ အဆဲအဆိုနဲ့ ကြမ်းတမ်းတဲ့ အသတ်အဖြတ်ခန်းတွေ ပါဝင်တဲ့ လူကြီးကြည့် ခရစ္စမတ်ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း