ဇာတ်ကားများ ရွေးရန်

Gak Nyangka..!!

2025ဇာတ်ကားအမှတ် 6.8/10102 မိနစ်

Gak Nyangka..!! (2025) IMDb Rating (6.8) ဒီတစ်ခါမှာတော့ ၂၀၂၅ ခုနှစ်ထွက် အင်ဒိုနီးရှား ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းထဲမှာ Agoy, Bruno, Cherry နဲ့ Darlina ဆိုတဲ့ သူငယ်ချင်း ၄ ယောက်ပါတယ်။ သူတို့က ရေကြောင်းသိပ္ပံ (Marine Science) မေဂျာက ကျောင်းသားတွေပေါ့။ သူတို့မှာ အဓိက ရည်မှန်းချက်တစ်ခုရှိတယ်၊ အဲ့ဒါက ကျောင်းမြန်မြန်ပြီးပြီး ဘွဲ့ရဖို့ပါပဲ။ ကံကောင်းချင်တော့ သူတို့တင်လိုက်တဲ့ Thesis Proposal က အောင်မြင်သွားပါတယ်။ ဒါပေမဲ့ ဝမ်းသာစရာက ခဏပါပဲ ပြဿနာအကြီးကြီးတစ်ခုတက်လာတယ်။ အဲ့ဒါက သူတို့လုပ်မယ့် သုတေသနအတွက် ကုန်ကျစရိတ်ကမတရားကြီးမားနေတာပါပဲ။ ဒီလိုနဲ့ လိုနေတဲ့ ပိုက်ဆံရဖို့အရေး သူတို့ ၄ ယောက် မလုပ်ရဲလုပ်ရဲနဲ့ စွန့်စားပြီး ပိုက်ဆံရှာဖို့ ကြံကြရော။ ပိုက်ဆံရဖို့အရေး ဘေးပေါက်အလုပ်တွေ၊ စွန့်စားရတဲ့ အစီအစဉ်တွေ လုပ်ကြရင်းနဲ့ ဘယ်လိုအလွဲတွေ၊ အရှုပ်တော်ပုံတွေဆက်ဖြစ်လာမလဲ? သူတို့ တကယ်ရောဘွဲ့ယူနိုင်ပါ့မလား ?ဆိုတာကို ခွီနေအောင် ကြည့်ရမယ့် Comedy ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဘဝအမောတွေပြေပြီး သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ရယ်မောချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားလေးပါပဲခင်ဗျာ။ File size… (1.3 GB) / (750 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:42:41 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း