ဇာတ်ကားများ ရွေးရန်

Stolen in Her Sleep

2022ဇာတ်ကားအမှတ် 7.2/1085 မိနစ်

ဟေလီဟာ နှလုံးအစားထိုးခွဲစိတ်မှု ခံယူထားတာ မကြာသေးတဲ့ သမီးလေး အေဗာနဲ့အတူ အိမ်မှာပဲ အနေများတဲ့ ပန်းချီဆရာမတစ်ယောက်ပါ။ စိုးရိမ်ပူပန်မှုတွေ များလွန်းတာကြောင့် စိတ်ကျန်းမာရေးဆိုင်ရာ ဆေးတွေလည်း သောက်နေရတယ်။ ခင်ပွန်းဖြစ်သူ ဂျိမ်းစ်က အလုပ်ကိစ္စနဲ့ ခရီးမကြာခဏ ထွက်ရသူဖြစ်တာကြောင့် ဟေလီ့ကို ကူညီပေးနိုင်ဖို့ သူ့အမေ လင်းကို အိမ်မှာ တစ်ခါတလေ လာကူဖို့ ခေါ်လိုက်ပါတယ်။ ဂျိမ်းစ်နဲ့ လင်းက နှစ်ပေါင်းများစွာ အဆက်အသွယ်ဝေးနေခဲ့ကြပြီး မကြာသေးခင်ကမှ ပြန်ဆက်သွယ်မိကြတာပါ။ ဂျိမ်းစ်က အမေနဲ့ မိသားစုလို ပြန်နီးစပ်ချင်တာလည်း ပါတယ်။ ဟေလီက သိပ်သဘောမကျပေမယ့် ခင်ပွန်းကို အားနာလို့ လက်ခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဟေလီဟာ အပြင်မှာ မထင်မှတ်ဘဲ တွေ့မိတဲ့ မက်ဂန်ဆိုတဲ့ အမျိုးသမီးနဲ့ သူငယ်ချင်းတွေလို ရင်းနှီးလာပါတယ်။ သူ့အနားကို ဒီလူနှစ်ယောက် ရောက်လာပြီးနောက် တစ်နေ့မှာ ကလေးထိန်း မေရီဟာ ပန်းခြံမှာ ကလေးထိန်းနေရင်း ရုတ်တရက် သေဆုံးသွားတယ်။ ဟေလီကလည်း သူ့နောက်ကို လိုက်နေတဲ့ ယောက်ျားတစ်ယောက်ကို မကြာခဏ တွေ့လာရပါတယ်။ ဒါပေမယ့် တခြားသူတွေက အဲဒီလူကို မတွေ့ဘူးလို့ ပြောကြတော့ တကယ်ပဲ တစ်ယောက်ယောက်က လိုက်နေတာလား၊ သူ့စိတ်ထဲက ထင်ယောင်ထင်မှား မြင်နေတာလားဆိုတာ မသေချာတော့ဘူး။ မေရီရဲ့ သေဆုံးမှုကရော သွေးရိုးသားရိုး ဟုတ်ပါ့မလား။ လင်းက ဂျိမ်းစ်ရဲ့အမေ ဖြစ်ပေမယ့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တာကြောင့် ဟေလီအတွက် အပြည့်အဝ ယုံကြည်ဖို့ ခက်နေတယ်။ အခုမှ သိကျွမ်းလာတဲ့ မက်ဂန်ကရော သူ့အပေါ် သဘောရိုးနဲ့ ဆက်ဆံနေတာ ဖြစ်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း