ဇာတ်ကားများ ရွေးရန်

Snow Day

2022ဇာတ်ကားအမှတ် 6.9/1077 မိနစ်

Syracuse မြို့လေးမှာ ဆောင်းရာသီ နှင်းတွေ အရမ်းကျလာရင် လမ်းတွေပိတ်ပြီး ဆိုင်တွေနဲ့ ကျောင်းတွေပါ ပိတ်ထားရတတ်ပါတယ်။ အဲဒီလိုနေ့ကို Snow Day လို့ ခေါ်ကြပြီး နတ်တာလီဘရတ်စတန်ဆိုတဲ့ ကလေးမလေးကတော့ အဲဒီပိတ်ရက်မျိုးကို အမြဲမျှော်နေသူပါ။ ကျောင်းစာလုပ်ရမှာ ပျင်းလွန်းတဲ့သူ့အတွက် နှင်းကျလို့ ကျောင်းပိတ်ရတာဟာ စောင့်ရကျိုးနပ်တဲ့အခွင့်အရေးပေါ့။ နတ်တာလီမှာ အစ်ကိုတစ်ယောက်ရှိပြီး သူ့အစ်ကိုကလည်း ကောင်မလေးတစ်ယောက်ကို ကျိတ်သဘောကျနေပါတယ်။ တစ်ဖက်မှာတော့ သူနဲ့ ငယ်ငယ်ကတည်းက ခင်လာတဲ့ ကောင်းဖော်ဆိုးဖက် သူငယ်ချင်းမလေးတစ်ယောက်လည်း ရှိနေတယ်။ ဆောင်းရာသီနောက်ခံ လူငယ်အချစ်ဟာသဇာတ်လမ်းထဲမှာ သူတို့သုံးယောက်ကြားက ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း