ဇာတ်ကားများ ရွေးရန်

His Girl Friday

1940ဇာတ်ကားအမှတ် 7.4/1092 မိနစ်

His Girl Friday (1940) IMDB : 7.8 Rotten Tomatoes : 99% Genre : Romance / Comedy ဒီရုပ်ရှင်အကြောင်းမပြောခင် Rom / Com ဆိုတဲ့ Sub-Genre ကြီးပေါ်ပေါက်လာပုံကိုအရင်ပြန်ပြောကြရအောင်။ 1930၊ 1940 အရှေ့ပိုင်းမှာ Rom / Com ဆိုတဲ့ Genre မရှိခဲ့ဘူး။ အဲဒီမှာ American Screwball Comedy ဆိုတဲ့ ဟာသနဲ့ ရိုမန့်ပေါင်းထားတဲ့ Genre အသစ်တစ်ခုပေါ်လာတယ်။ Rom / Com တွေရဲ့အစပေါ့။ His Girl Friday (1940) လည်းတစ်ကားအပါအဝင်ပဲ။ ဒီရုပ်ရှင်ကိုကြည့်ရတာ တော်တော်လေးကိုပေါ့ပါးတယ်။ တော်တော်လေးလည်းရယ်ရတယ်။ အစပ်အဟပ်တဲ့လိုက်ပုံများ အားနေအငေါ်တူးနေတဲ့ အတွဲတစ်တွဲကို ဖန်သားပြင်ကနေမဟုတ်ပဲ ဘေးကနေ ကိုယ်တိုင်ကြည့်လိုက်ရသလိုပဲ။ Rom / Com စစ်စစ်ဆိုတာ ဒါမျိုးလို့ပြောရလောက်အောင် အရမ်းကိုကောင်းတဲ့ရုပ်ရှင်မျိုးပါ။ လိင်အသားပေးမဟုတ်ဘူး၊ မင်းသမီးရဲ့ ကိုယ်တစ်ဝက်လောက်ကို မဖော်ပြထားဘူး။ ဟာသစစ်စစ်ကြားမှာ ရိုမန့်ကိုပေါင်းထည့်သွားတယ်။ မင်းသားက Cary Grant မင်းသမီးက Rosalind Russell နှစ်ယောက်လုံးက သရုပ်ဆောင်လောကမှာ စံပြုလောက်တဲ့နှစ်ယောက်။ သူတို့နှစ်ယောက်ရဲ့ အပေးအယူလေးတွေနဲ့ ရုပ်ရှင်ပြီးတဲ့နောက်ဆုံး စာသားအထိဆွဲဆောင်သွားပုံက တော်တော်လေးကို ဆွဲဆောင်မှုရှိပါတယ်။ ဇာတ်ညွှန်း ဝေါ်တာဆိုတာ “မနက်ခင်း သတင်းစာတိုက်” ပိုင်ရှင်။ အင်တာနက်မရှိတဲ့ခေတ်၊ ကြိုးဖုန်းတွေနဲ့ဆက်သွယ်ရတဲ့ခေတ်ကြီးမှာ သတင်းစာတိုက်တစ်ခုအောင်မြင်ဖို့က သတင်းထောက်ကောင်းကောင်းရှိမှရမယ်။ မနက်ခင်းသတင်းစာတိုက်မှာ အရမ်းကိုတော်တဲ့ သတင်းထောက်မလေးတစ်ယောက်ရှိတယ်။ ရှိခဲ့တာပေါ့လေ။ သူ့နာမည်က ဟေလ်ဒီဂျွန်ဆင်။ ဟေလ်ဒီက သတင်းစာတိုက်ရဲ့ သတင်းထောက်မလည်းဟုတ်သလို ဝေါ်တာရဲ့ အမျိုးသမီးဆိုလည်းဟုတ်တယ်။ ဟုတ်ခဲ့တာပေါ့လေ။ ဘာလို့ဆို သူတို့နှစ်ယောက်ကွာရှင်းလိုက်ပြီ။ ဟေလ်ဒီကလည်း ဘရုစ်ဆိုတဲ့ယောကျ်ားတစ်ယောက်နဲ့လက်ထပ်တော့မယ်။ လက်ထပ်မှာကလည်း မနက်ဖြန်။ ဆိုတော့ “ကျွန်မလက်ထပ်ပြီး ရှင်တို့ သတင်းလောကကိုစွန့်ခွာတော့မယ်” လို့အသိလာပေးတဲ့အချိန်မှာ ဝေါ်တာတစ်ယောက် ကျွဲမြီးတိုရပြီ။ ဟေလ်ဒီ သတင်းစာတိုက်ကိုလာပြီး လာပြောတဲ့အချိန်မှာ သပွတ်အူထက်ရှုပ်တဲ့ အမှုတစ်ခုကဖြစ်နေပြန်တယ်။ ဒီသတင်းကိုဦးနိုင်တဲ့ သတင်းစာတိုက်က မိုးပေါ်ကိုထိုးထောင်သွားမှာပဲ။ နိုင်ငံရေးပါတီတွေ၊ လူသတ်မှု၊ ဘုရင်ခံတွေအထိပတ်သက်နေတဲ့အမှုမျိုး။ ဝေါ်တာက သတင်းကိုလည်းလိုချင်တယ်၊ ဟေလ်ဒီကိုလည်းပြန်လိုချင်တယ်။ ဆိုတော့ ဟေလ်ဒီနဲ့ ဘရုစ်ကို သတင်းသမား ဉာဏ်တွေသုံးပြီး ကလိတော့တယ်။ မုဆိုးနားနီးလည်း တံငါက တံငါ။ တံငါနားနီးလည်း တံငါက မုဆိုးဖြစ်မသွားဘူးဆိုတဲ့အတိုင်း ဟေလ်ဒီကလည်း သတင်းရေးချင်စိတ်တွေ ပြန်ပေါ်လာတဲ့အခါမှာ…. ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size… 2 GB / 1.3GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Romance / Comedy Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း