ဇာတ်ကားများ ရွေးရန်

Mahjong

1996ဇာတ်ကားအမှတ် 7.5/10121 မိနစ်

Mahjong (1996) IMDb Rating (7.4) / Rotten Tomatoes (77%) ယန်းရုပ်ရှင်တွေထဲမှာ ထိုင်ဝမ်ရဲ့ ရုတ်ခနဲ တဟုန်ထိုးတိုးတက်နေတဲ့ အခြေအနေနဲ့ အဲဒီတိုးတက်နေတဲ့ အခြေအနေမှာ ပျက်ယွင်းလာတဲ့ လူနေမှုတွေကို တင်ပြနေကျပါပဲ။ ထိုင်ဝမ်ကလည်း အခုထိ တော်တော်နည်းပညာပိုင်းကအစ တော်တော်အားကောင်းတုန်းပဲ။ လက်ရှိသုံးနေရတဲ့ စက်တော်တော်များများက CHIPSတွေမှာ ထိုင်ဝမ်ရဲ့ TSMCနဲ့ ကင်းတာလည်း ရှားတယ်။ အတ်ဒ်ဝတ်ယန်းဟာ ထိုင်ဝမ်ရဲ့ တိုးတက်နေတဲ့ခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ လူသက်သက်မဟုတ်ခဲ့ဘူး။ ရုပ်ရှင်လောကထဲ မဝင်ခင် သူက ထိုင်ဝမ်မှာရော ဖလော်ရီဒါမှာရော electrical engineering နဲ့ မာစတာဘွဲ့ရခဲ့တယ်။ နောက်တော့ နည်းပညာလောကထဲ ဝင်ပြီး အမေရိကန်မှာ မိုက်ခရိုကွန်ပျူတာနဲ့ ဆော့ဝဲလ်တွေ လုပ်ခဲ့တယ်။ အဲဒီလိုလုပ်နေရင်းနဲ့မှ ရုပ်ရှင်တွေကြည့်ရင်းက ငယ်ငယ်ကရှိခဲ့တဲ့ ရုပ်ရှင်ပိုးပြန်ကြွလာပြီး ထိုင်ဝမ်ကို ပြန်လာပြီး ရုပ်ရှင်တွေရိုက်ခဲ့တဲ့သူ။ ယန်းက အရှိန်အဟုန်နဲ့ သွားနေတဲ့ခေတ်ကြီးကို ဝင်စီးမျောခဲ့သလို အဲဒီအရှိန်အဟုန်တွေရဲ့နောက်မှာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် နောက်ချန်နေခဲ့တဲ့သူလည်းဟုတ်တယ်။ အတ်ဒ်ဝတ်ယန်း ရုပ်ရှင်က ၇ကားပဲရှိပေမဲ့ အာမခံလို့ရတာတော့ ၇ကားလုံးက ယောင်လို့တောင် တစ်ကားမှ ပယ်စရာမရှိတဲ့ ရုပ်ရှင်ကောင်းတွေချည်းပဲ။ ဒီမာကျောက်ကတော့ Ratingအရ အညံ့ဆုံးကားဖြစ်မယ်။ ဒါပေမဲ့ Ratingတွေဆို တစ်ဝက်ပဲ ယုံလို့ရတဲ့ အရာတွေပဲမလား။ ကျွန်တော့်အနေနဲ့တော့ ဒီကားကို သူ့တစ်ချို့ကားတွေထက်တောင် ပိုကြိုက်တယ်။ သူ့ကားတွေ ကြည့်လာရင်း ဒီကားကျမှ ပြန်သတိထားမိတဲ့အချက်က ယန်းရဲ့ ထိုင်ပေကို တင်ဆက်ပုံဟာ ဝူဒီအယ်လန် နယူးယောက်ကို တင်ဆက်ပုံနဲ့ ဆင်တော့ဆင်နေတယ်ဆိုတဲ့အချက်ပေါ့။ မတူတာက ယန်းက မြို့ရဲ့အလှတရားကို မရှာဘူး။ ဇာတ်ကောင်နယ်ချဲ့မှုကလည်း မတရားကျယ်တယ်။ ဇာတ်ကောင်တွေကို ဇာတ်အိမ်မှာ စီထည့်ထားတာမဟုတ်ဘဲ ဇာတ်ကောင်တွေအတွက် ဇာတ်အိမ်ကို ဘောင်အနေနဲ့ထားထားသလိုမျိုးဖြစ်နေတယ်။ ဆိုတော့ ကျွန်တော်လို့ထင်တဲ့လူ ထပ်ရှိသေးလားလို့ ရှာကြည့်တော့ ယန်းကိုယ်တိုင်က ဝူဒီအယ်လန်နဲ့ သူ တူတဲ့အချက်တွေရှိကြောင်း ပြောဖူးသလို သူ့အကြိုက်ဆုံးရုပ်ရှင်တွေထဲလည်း မန်ဟက်တန်က ပါနေတယ်။ ဆိုပေမဲ့လည်း ကားတွေ မတရားများလွန်းတဲ့ ဝူဒီအယ်လန်ရဲ့ Filmographyက ယန်းရဲ့ Filmographyလောက်တော့ ပါဖက်မဖြစ်ဘူး။ နောက် အမြင်ပိုင်းမှာလည်း ယန်းရဲ့ဇာတ်အိမ်က မတရားကျယ်ပြီး ဝူဒီအယ်လန်ကျ ကျဉ်းတယ်။ အိုင်ဒေါထက် သာသွားတဲ့ ဆရာသမားပေါ့။ မာကျောက်ဆိုတဲ့ နာမည်က ၉၀ခုနှစ် ထိုင်ဝမ်ရဲ့ခေတ်အခြေအနေကို မာကျောက်ကစားပွဲနဲ့ ထင်ဟပ်ဖို့ သုံးတာလို့တော့‌ ပြောတယ်။ ဇာတ်ကတော့ ထိုင်ဝမ်ရဲ့ လူငယ်တွေဘဝရယ် နိုင်ငံခြားသားတွေရဲ့ပြောင်းရွှေ့အခြေချမှုရယ်ကို အဓိကထား အပြိုင်ပြပြီး ထိုင်ဝမ်ရဲ့ ခေတ်အခြေအနေကို တင်ဆက်ခဲ့တယ်။ လိင်မှု၊ စီးပွားရေး၊ ယုံကြည်မှု၊ ဖြစ်တည်မှုစတဲ့ အရာတွေနဲ့ပေါ့။ ယန်းက ထိုင်ဝမ်ကိုပဲ ရှုထောင့်အမျိုးမျိုးက တင်ဆက်နေတယ်တောင် ပြောရမယ်။ ယန်းဟာ ထိုင်ဝမ်နယူးဝေ့စီနီမာရဲ့ ဦးဆောင်သူတွေထဲ ပါခဲ့ပေမဲ့ Hou Hsiao-Hsienပြောဖူးသလို နယူးဝေ့ဟာ ဖန်တီးခဲ့တဲ့ အရာတစ်ခု မဟုတ်နေလို့များလားမသိဘူး။ ယန်းရဲ့ ရုပ်ရှင်တွေဟာ သူ့မျက်မှောက်ကိုပဲပြထားပြီး အရသာရှိသလို ခုထိဆန်းသစ်နေသေးတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့တယ်။ ဥရောပဘက်ကနေ ကူးစက်လာခဲ့တဲ့ ကိုယ့်မျက်မှောက်ကိုယ့်ဘဝကိုယ့်အမြင် ကိုယ့်အကြောင်းကို တင်ဆက်မှုဟန်အတိုင်းပေမဲ့ မတူတဲ့ တင်ဆက်မှုတွေဟာ အသစ်တွေကို အမြဲလာစေခဲ့ပုံပါပဲ။ မဟောင်းစေတာလည်း ဖြစ်နိုင်တယ်။ Hou Hsiao-Hsienပြောသလိုပါပဲ။ ဒီလောကကြီးမှာ အသစ်ဘာမှမရှိပေမဲ့ သူတို့ဟာ သူတို့မြင်နေရတဲ့ ခေတ်ကို ရိုက်ပြခဲ့တဲ့ ဒါရိုက်တာတွေပါပဲ။ File size… (5.6 GB) / (2.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Crime,Drama Duration…. 02:00:52 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း