Dear Comrade
ဇာတ်လမ်းအစမှာ ဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက်ဟာ မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းဆက်ဖို့ ကြိုးစားနေပါတယ်။ လီလီက တစ်ချိန်က သူ့ဘဝထဲ ဝင်လာခဲ့ပြီး နောက်တော့ သူ့ကို ဝမ်းနည်းမှုတွေနဲ့ ချန်ထားခဲ့သူပါ။ သူ ဘာကြောင့် ထွက်သွားခဲ့တာလဲဆိုတာကနေ သူတို့နှစ်ယောက်ရဲ့အကြောင်းကို ဆက်ပြထားတယ်။ ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်သူပါ။ ကျောင်းမှာလည်း ကျောင်းသားသမဂ္ဂဆိုတဲ့ နာမည်အောက်ကနေ ထင်ရာစိုင်းနေသူလို့ အများက မြင်ကြတယ်။ မကြာခဏ ရန်ဖြစ်တတ်ပြီး သောက်စားတတ်ပေမယ့် မိန်းကလေးတွေကိုတော့ ရိုသေတတ်သူပါ။ လီလီပြောခဲ့တဲ့စကားတွေထက် သူဘာမှ ပြန်မပြောနိုင်ခဲ့တာကို ပိုနာကျင်နေရတယ်။ ဒါပေမဲ့ လီလီမှာ သူ့ကြောင့် တစ်စုံတစ်ခုဖြစ်ခဲ့တာကိုတော့ ဘော်ဘီ မသိခဲ့ပါဘူး။ လီလီ ဘာဖြစ်ခဲ့တာလဲ၊ သူတို့နှစ်ယောက် ပြန်ဆုံဖြစ်ကြဦးမလား။ ဘော်ဘီနဲ့ သူ့ရန်ဘက် ဘူလီရဲ့ညီတို့ကြားက ပြဿနာကရော ပြီးသွားပြီလား။ Vijay Devarakonda နဲ့ Rashmika Mandanna တို့ ပါဝင်ထားတဲ့ အက်ရှင်အချစ်ဇာတ်ကားဖြစ်ပြီး ခေါင်းစဉ်ကတော့ ချစ်လှစွာသော သွေးသောက်ရဲဘော်လို့ အဓိပ္ပာယ်ရပါတယ်။
ဇာတ်လမ်းအကြောင်း