ဇာတ်ကားများ ရွေးရန်

The Ruse

2025ဇာတ်ကားအမှတ် 5.6/10105 မိနစ်

The Ruse (2025) IMDb Rating (5.6) / Rotten Tomatoes (19%) ဒဲလ်ဟာ သူနာပြုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချို့ယွင်းချက်ကြောင့် လတ်တလောအလုပ်က အနားပေးခံထားရပေမယ့် လူအင်အားလိုအပ်ချက်ကြောင့် ဒုတိယအကြိမ်အခွင့်အရေးရခဲ့ပါတယ်။ အဲ့ဒါကတော့ ကမ်းစပ်နားက အိမ်ကြီးတစ်လုံးမှာနေထိုင်တဲ့သက်ကြီးရွယ်အိုအမျိုးသမီးကြီးဖြစ်တဲ့ အိုလီဗီယာကိုပြုစုပေးဖို့ပါပဲ။ အိုလီဗီယာဟာ ကျိကျိတက်ချမ်းသာသလို တစ်ချိန်က အအောင်မြင်ကြီးအောင်မြင်ခဲ့တဲ့ ဂီတစာဆိုတစ်ဦးဖြစ်တာကြောင့်မာန်မချသေးတာရော၊ မှတ်ဉာဏ်ချို့ယွင်းမှုကြောင့်လက်ပေါက်ကပ်တာတွေရောတွေကြောင့် အတော်ဆက်ဆံရခက်သူဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းသူနဲ့ပိုသိလာရတာကတော့ သူ့အရင်သူနာပြုဟာ အေဂျင်စီကိုလည်းမဆက်သွယ်၊ သူ့မိသားစုကိုလည်းမဆက်သွယ်ပဲပျောက်ချင်းမလှပျောက်ဆုံးသွားတယ်ဆိုတာရယ်၊ ဘေးပတ်ဝန်းကျင်ကစကားတွေရော အိုလီဗီယာကိုယ်တိုင်ရဲ့စကားတွေရောကြောင့်ပါ ဒီအိမ်ကြီးဟာ သရဲခြောက်နေတယ်ဆိုတဲ့အချက်တွေပါ။ ဇာတ်ကားတစ်ခုလုံးကို မြုပ်ကွက် လှည့်ကွက်တွေ အပြည့်နဲ့ဖန်တီးထားပြီး သိချင်စိတ်ကို တစ်ရိပ်ရိပ်တက်လာအောင်ဆွဲဆောင်နိုင်တဲ့ Slow-burn thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1 GB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:40:29 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း