The Doll
ဓားပြမှုတစ်ခုမှာ မိသားစုတစ်စုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီးနောက် ကလေးမလေးရဲ့ဝိညာဉ်ဟာ မကျွတ်မလွတ်ဘဲ သူပိုင်တဲ့ အရုပ်လေးမှာ စွဲကပ်နေပါတယ်။ အနီးနားကလူတွေက အဲဒီအရုပ်သရဲကို ကြောက်ကြလို့ သူနေဖို့ဆိုပြီး သစ်ပင်တစ်ပင်မှာ အရုပ်ကို ချိတ်ဆွဲပေးထားကြတယ်။ ဒန်နီရယ်နဲ့ အန်ယာတို့ လင်မယားကတော့ ဒန်နီရယ် ရာထူးတိုးလာလို့ တခြားမြို့ကနေ ပြောင်းလာကြသူတွေပါ။ ဒန်နီရယ်ဟာ သရဲတစ္ဆေကို မယုံတဲ့သူဖြစ်ပြီး သူ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက အရုပ်သရဲနေတဲ့ သစ်ပင်ကို လှဲခိုင်းလိုက်ပါတယ်။ အဲဒီနောက် အရုပ်သရဲဟာ သူတို့အိမ်အထိ လိုက်လာပါတော့တယ်။ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Doll ဇာတ်ကားတွေရဲ့ ပထမဆုံးကားမှာ အရုပ်သရဲ လိုက်လာရတာ သစ်ပင်ကို လှဲလိုက်လို့လား၊ တခြားအကြောင်းတစ်ခု ရှိနေသေးလားဆိုတာကို ဆက်ပြထားပါတယ်။ ဒန်နီရယ်နဲ့ အန်ယာတို့ကရော အဲဒီအရုပ်သရဲလက်က လွတ်မြောက်နိုင်ကြပါ့မလား။
ဇာတ်လမ်းအကြောင်း