ဇာတ်ကားများ ရွေးရန်

The Doll 3

2022ဇာတ်ကားအမှတ် 4.7/10115 မိနစ်

မိဘတွေရဲ့ ကားမတော်တဆမှုကြောင့် စိတ်ဒဏ်ရာရနေတဲ့ မောင်လေးကို Tara က ပြုစုစောင့်ရှောက်နေရပါတယ်။ ဆေးရုံက ဆင်းလာပြီးနောက် အစ်မမှာ ချစ်သူရှိနေမှန်း သိသွားတဲ့အခါ မောင်လေးက Tara ဟာ သူ့ကို မချစ်တော့ဘူးလို့ ထင်သွားတယ်။ လက်ထပ်ခွင့်တောင်းတဲ့နေ့မှာပဲ မောင်လေးက ကိုယ့်အသက်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ ဒီအဖြစ်အတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်တဲ့ Tara ဟာ မောင်လေးကို နှုတ်ဆက်စကားပြောချင်တာကြောင့် နတ်ဆရာတစ်ယောက်ဆီ သွားခဲ့တယ်။ နတ်ဆရာနဲ့ ဝိညာဉ်ဆင့်ခေါ်ပြီး မောင်လေးရဲ့ဝိညာဉ်ကို အရုပ်တစ်ရုပ်ထဲ သွင်းလိုက်ပေမယ့် အဲဒီဝိညာဉ်မှာ မကောင်းဆိုးဝါးစွမ်းအင်ပါ ပါလာပါတယ်။ စိတ်ဒဏ်ရာရှိနေခဲ့တဲ့ မောင်လေးက သူ့အစ်မကို လုယူသွားမယ့်သူတွေကို အပြတ်ရှင်းဖို့ ကြိုးစားလာတော့တယ်။ အင်ဒိုနီးရှား အရုပ်သရဲဇာတ်ကားဖြစ်ပြီး Tara ဟာ သူချစ်တဲ့သူတွေကို ကာကွယ်နိုင်ပါ့မလား၊ မောင်လေးရဲ့ဝိညာဉ်ကို ပြန်နှင်ထုတ်နိုင်ပါ့မလားဆိုတဲ့ အခြေအနေတွေကို ရင်ဆိုင်ရပါတယ်။ မောင်လေးနဲ့ ချစ်သူကြားမှာလည်း သူ ဘယ်သူ့ကို ရွေးမလဲ။

ဇာတ်လမ်းအကြောင်း