ဇာတ်ကားများ ရွေးရန်

Whisper in the dark

2025ဇာတ်ကားအမှတ် 2.0/1075 မိနစ်

Whisper in the Dark (2025) ဒီကားလေးကတော့ ခုနှစ်လေးတင် ပူပူ‌‌နွေးနွေး ထွက်ထားတဲ့ သည်းထိတ်ရင်ဖို့ စိတ္တဇ ကားလေးပါ။ အိမ်ထဲကနေ အပြင်မထွက်ရဲတဲ့ အကြောက်လွန်ရောဂါ ခံစားနေရတဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လိုက်ဖြစ်သူ ဂျယ်ရမီဟာ သူ့ရဲ့တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ တစ်ကိုယ်တည်း ပိတ်မိနေသူပါ။ အပြင်လောကကို ကြောက်ရွံ့လွန်းလို့ အခန်းအောင်းနေရင်း စည်းကမ်းတွေနဲ့ သူ့ဘဝသူ တည်ဆောက်ထားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့လုံခြုံနေတဲ့ ကမ္ဘာလေးထဲကို ကြောက်မက်ဖွယ်ရာ အဘွားအိုတစ်ယောက်ရဲ့ ပုံရိပ်တွေ ဝင်ရောက်ခြောက်လှန့်လာပါတော့တယ်။ အတိတ်က ဖုံးကွယ်ထားတဲ့ မိသားစုလျှို့ဝှက်ချက်တွေ၊ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ဂျယ်ရမီ တစ်ယောက် သူ့စိတ်က ဖန်တီးတဲ့ အရာတွေနဲ့ လက်တွေ့ဘဝကြားမှာ ရုန်းကန်ရပါတော့တယ်။ ထူးခြားတာက သာမန် သရဲကားတွေလို jumpscare တွေချည်းပဲ ဦးစားမပေးဘဲ လူ့စိတ်ရဲ့ နက်နဲတဲ့ ကြောက်ရွံ့မှုတွေကို ပုံဖော်ထားတာမို့ စိတ်ဝင်စားစရာကောင်းပါတယ်။ အိမ်ထဲမှာ တစ်ယောက်တည်းနေရတာကို ကြောက်တတ်သူတွေအတွက်တော့ အတော်လေး ခြောက်ခြားစရာကောင်းမယ့် ရုပ်ရှင်ကားသစ် ဖြစ်စေမှာပါဗျာ။ File Size - 1.1 GB/ 601 MB Quality - WEB_DL 1080p/ 720p Duration - 1h 12m Format - mp4 Genre - Drama, Horror, Thriller Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း