ဇာတ်ကားများ ရွေးရန်

The Last Viking

2025ဇာတ်ကားအမှတ် 7.1/10116 မိနစ်

The Last Viking (2025) IMDb Rating (7.3) / Rotten Tomatoes (94%) ဒီဇာတ်ကားကတော့ နာမည်ကြီး မင်းသားကြီး Mads Mikkelsen နဲ့ Nikolaj Lie Kaas တို့ ဦးဆောင်ပါဝင်ထားပြီး ၂၀၂၅ ခုနှစ်က ထွက်ရှိထားတဲ့ Dark Comedy ဇာတ်ကားသစ် "The Last Viking" (2025) ဖြစ်ပါတယ်။ ဒီကားကို Riders of Justice တို့၊ Men & Chicken တို့လို နာမည်ကြီးကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Anders Thomas Jensen က ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေကြားမှာ တော်တော်လေး ဟော့ဖြစ်နေတဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း Anker (Nikolaj Lie Kaas) ဆိုတဲ့ လူတစ်ယောက်ဟာ ဘဏ်ဓားပြတိုက်မှုနဲ့ ထောင်ဒဏ် (၁၅) နှစ်ကျခံပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာပါတယ်။ သူ ထောင်မကျခင်တုန်းက ဓားပြတိုက်လို့ရလာတဲ့ ပိုက်ဆံတွေကို သူ့ရဲ့အစ်ကိုဖြစ်သူ Manfred (Mads Mikkelsen) နဲ့အတူ ဝှက်ထားခဲ့ကြတာပါ။ ပြဿနာက Anker ထောင်ကလွတ်လာချိန်မှာ အစ်ကိုဖြစ်သူ Manfred က စိတ်ကျန်းမာရေး ချို့ယွင်းနေပြီဖြစ်ပြီး သူဝှက်ထားတဲ့ ပိုက်ဆံနေရာကို လုံးဝမမှတ်မိတော့ပါဘူး။ Manfred က သူ့ကိုယ်သူ တခြားလူတစ်ယောက်လို့ ထင်နေပြီး ပုံမှန်စိတ်အခြေအနေမဟုတ်တော့တာကြောင့် Anker တစ်ယောက် အခက်တွေ့ရပါတော့တယ်။ ပျောက်ဆုံးနေတဲ့ ပိုက်ဆံတွေကို ပြန်ရှာဖို့ကြိုးစားရင်း ညီအစ်ကိုနှစ်ယောက်ကြားက အလွဲလွဲအချော်ချော် အဖြစ်အပျက်တွေ၊ အတိတ်က စိတ်ဒဏ်ရာတွေနဲ့ မိသားစုလျှို့ဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်လာတဲ့အခါမှာတော့... သုံးသပ်ချက် ဒီကားက Anders Thomas Jensen ရဲ့ လက်ရာအတိုင်း ဟာသနှောတဲ့ Dark Comedy ပုံစံမျိုးဖြစ်ပြီး မင်းသားကြီး Mads Mikkelsen ရဲ့ ကာရိုက်တာအသစ်အဆန်းကို မြင်တွေ့ရမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းက ရယ်စရာကောင်းသလို၊ တစ်ဖက်မှာလည်း မိသားစုသံယောဇဉ်နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေကို ထိထိမိမိ တင်ဆက်ထားပါတယ်။ Dark Comedy ကြိုက်သူတွေနဲ့ Mads Mikkelsen ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ကားသစ်တစ်ကားမို့ ညွှန်းပေးလိုက်ပါတယ်။ File size… (1.7 GB) / (940 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Crime,Drama Duration…. 01:51:15 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း