ဇာတ်ကားများ ရွေးရန်

Mother of Flies

2025ဇာတ်ကားအမှတ် 5.9/1092 မိနစ်

Mother of Flies (2025) IMDb Rating (5.9) / Rotten Tomatoes (96%) မစ်ကီဟာကင်ဆာရောဂါခံစားနေရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးဖြစ်ပြီး နည်းပေါင်းစုံနဲ့ကုသခဲ့ပေမယ့် မပျောက်နိုင်တဲ့သူ့ရောဂါကိုလက်လျှော့လုနီးပါးဖြစ်နေခဲ့ပါပြီ။ အဲ့ဒီအချိန်မှာပဲ သူ့အတွက်မျှော်လင့်ချက်ရောင်ခြည်တစ်စပေါ်လာတာကတော့ တောအုပ်ကြီးတစ်ခုထဲမှာ နေထိုင်တဲ့ ဆိုလ်ဗက်ဆိုတဲ့စုန်းမကြီးတစ်ယောက်ပါပဲ။ အဲ့ဒီစုန်းမကြီးဟာ ဆေးသိပ္ပံပညာက လက်လျှော့လိုက်ပြီဖြစ်တဲ့ သူ့ရောဂါကိုကုသနိုင်တယ်လို့ဆိုလာတဲ့အတွက် မစ်ကီနဲ့သူ့ဖခင်တို့ဟာ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ပဲအရောက်လာခဲ့ကြပါတယ်။ အဲ့ဒီတောအုပ်ကြီးထဲမှာတော့ သူတို့နှစ်ဦးလုံးအတွက် တစ်သက်မမေ့စရာအတွေ့အကြုံတွေက ဆိုလ်ဗက်နဲ့အတူစောင့်ကြိုနေပါတော့တယ်။ အင်ဒီဆန်ဆန် Folk Horror ကားတစ်ကားဖြစ်ပြီး စိတ်မသက်မသာဖြစ်စရာ မသတီစရာမြင်ကွင်းတွေပါဝင်တာမို့ကြည့်ရဲမှကြည့်စေချင်ပါတယ်။ File size… (2.7 GB) / (1.3 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:32:42 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း