ဇာတ်ကားများ ရွေးရန်

Welcome Jija Ji

2026ဇာတ်ကား90 မိနစ်

Welcome Jija Ji (2026) မင်္ဂလာပါ ယောက်ဖကြီး IMDb (7.7) ဒီတစ်ခါတော့မိသားစုနဲ့အတူ အပြင်းပြေကြည့်လို့ကောင်းမဲ့ ပန်ချာပီဟာသဇာတ်ကား ကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ဘာမှမသိဘဲ အရာရာကို သိတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတဲ့သူ ယောက်ဖကြီး ဂျန်ဘဟာဒူး (Jija Jung Bahadur) တစ်ယောက် သူ့ရဲ့ ယောက္ခမအိမ်ကို ရောက်ရှိလာတဲ့အခါမှာတော့ အေးဆေးတည် ငြိမ်နေတဲ့ မိသားစုဘဝလေးဟာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။ သူ့ရဲ့ မာနနဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် ပြင်ဆင်နေကြတဲ့ ယောက်ဖနှစ်ယောက် ပင်ကီ (Pinky) နဲ့ ဂိုဂီ (Gogi) တို့ကြားမှာ အဆုံးမရှိတဲ့ ပဋိပက္ခတွေ စတင်လာပါတော့တယ်။ Welcome Jija Ji ဟာ ပန်ချာပီ မိသားစုဟာသ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲကာ အသံကျယ်ကျယ် ဗဟုသုတမရှိဘဲ အရာရာကို ဆရာကြီးလုပ်တတ်တဲ့ ဂျန် ဘဟာဒူးကို ဗဟိုပြု ရိုက်ကူးထားတာပါ။ ဇနီးဖြစ်သူရဲ့ မိသားစုထဲကို သူဝင်ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ အတ္တနဲ့ မလိုအပ်ဘဲ ကြားဖြတ်ဝင်စွက်ဖက်မှုတွေကြောင့် ဗရုတ်သုတ်ခတွေ ဖြစ်ကုန်ပါတော့တယ်။ ဂျန်ဗဟာဒူးဟာ ယောက်ဖနှစ်ယောက်ဖြစ်တဲ့ ပင်ကီနဲ့ ဂိုဂီတို့ကို အမြဲတမ်း ရန်စတတ်ပြီး အခွင့်အရေးရတိုင်း သူ့ကိုယ်သူ အသာစီးရကြောင်း ပြသတာ မတောင်းဆိုဘဲ အကြံဉာဏ် တွေပေးတာမျိုးတွေ လုပ်တတ်ပါတယ်။ ညီမလေးရဲ့ မင်္ဂလာဆောင်အတွက် ပင်ကီနဲ့ ဂိုဂီတို့ အစွမ်းကုန် ကြိုးစားနေချိန်မှာ ဂျန်ဘဟာဒူးရဲ့ လက်သိပ်ထိုး အပြုအမူတွေကြောင့် ရိုးရှင်းတဲ့ အခြေအနေတွေဟာ ရယ်စရာကောင်းတဲ့ ဘေးဒုက္ခတွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။ မာနချင်း တိုက်ပွဲဝင်ကြပုံတွေ အထင်အမြင်လွဲမှားမှုတွေနဲ့ မိသားစုဒရာမာတွေကြားမှာ ရိုးရာ ဓလေ့နဲ့ အတ္တတွေ ဘယ်လိုထိပ်တိုက်တွေ့ကြမလဲ သည်းခံနိုင်စွမ်းကို ဘယ်လိုစမ်းသပ်မလဲ ဆိုတာတွေကို ပန်ချာပီ ဟန်ပန်အပြည့်နဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမယ့် ဟာသဇာတ်ကား ကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size….1.12 GB / 570 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1hr 30mins Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း