Miss Kobayashi's Dragon Maid: A lonely dragon wants to be loved
Miss Kobayashi's Dragon Maid: A Lonely Dragon Wants to be Loved (2025) IMDB - 7.8/10, MyAnimeList - 8.3/10 Kobayashi တစ်ယောက် သူ့အလုပ်လေးသူလုပ်ပြီး နဂါးကမ္ဘာကနေ ရောက်လာတဲ့ နဂါးမလေးတွေဖြစ်တဲ့ Tohru တို့ Kanna တို့ Iruru တို့နဲ့ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းလျက်ရှိပါတယ်။ ထုံးစံအတိုင်း Kanna-chan ကတော့ အမွှေစိန်ပေါ့လေ။ နဂါးဆိုပေမဲ့လည်း နွေးထွေးတဲ့ မိဘမေတ္တာဆိုတာကို ငတ်မွတ်နေသူ ချစ်စရာကောင်မလေးပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ နဂါးကမ္ဘာကနေ Kanna ရဲ့အဖေဆိုတဲ့ နဂါးကြီး လူ့ကမ္ဘာကိုရောက်လာပါတယ်။ သူ့စကားအရ Kanna လေးက အရင်တုန်းက အစွမ်းထက်တဲ့ နဂါးပုလဲဆိုတာကို ခွဲမိခဲ့တဲ့အတွက် ဒီလိုမျိုး ပြည်နှင်ဒဏ်ပေးခံထားရတာတဲ့။ ပြီးတော့ သူတို့လည်း တခြားနဂါးမျိုးနွယ်စုလည်း စစ်မက်ဖြစ်ပွားတော့မယ်ဆိုတော့ ဒီနဂါးပုလဲဆိုတာကို ခွဲပြီး အစွမ်းစုပ်ယူထားသလိုဖြစ်နေတဲ့ Kanna ကို နဂါးကမ္ဘာကိုလိုက်ခဲ့ဖို့ စစ်ပွဲထဲမှာ လက်နက်တစ်ခုအဖြစ် အသုံးချခံဖို့ လာခေါ်ပါတော့တယ်။ ဒီမှာပဲ သူငယ်ချင်းတွေနဲ့ ဖအေကြား ဒွိဟတွေဖြစ်နေတဲ့ Kanna လေး ဘယ်လိုဆုံးဖြတ်မလဲ၊ Kobayashi အနေနဲ့လည်း ဒီပြဿနာကို ထိန်းဖို့ ဘာတွေစွန့်စားမလဲ၊ Iruru တစ်ယောက်လည်း ဒီစစ်ပွဲကိစ္စကို စုံစမ်းရင်း နောက်ကွယ်ကကြိုးကိုင်နေတဲ့အရာကို တွေ့သွားပြီး ဒီနဂါးမျိုးနွယ်စု စစ်ပွဲကြီး မဖြစ်ဖို့ အတူတူ ဘယ်လိုစွန့်စားခန်းထွက်ကြမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်...။
ဇာတ်လမ်းအကြောင်း