ဇာတ်ကားများ ရွေးရန်

Sex Phone and The Girl Next Door

2003ဇာတ်ကားအမှတ် 5.3/10113 မိနစ်

ဒီဇာတ်လမ်းလေးထဲမှာ ဒူဆိုတဲ့ယောက်ျားလေးနဲ့ ဂျမ်ဆိုတဲ့မိန်းကလေးတို့က အိမ်နီးချင်းတွေပါ ဒူဆိုတဲ့တစ်ယောက်က အသံလွှင့်တဲ့ရုံးမှာ အလုပ်လုပ်ပြီး‌တော့ ဂျမ်ဆိုတဲ့တစ်ယောက် ကုမ္မဏီဝန်ထမ်းတစ်ယောက်ပါ ဒူဆိုတဲ့ကောင်လေး နဲ့ ဂျမ် ဆိုတဲ့ ကောင်မလေးက အိမ်နီးချင်းတွေဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက်မတည့်ကြပါဘူး... တစ်နေ့မှာတော့ ဒူ ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ခရီးထွက်သွားတာကြောင့် သီချင်းတွေလွှင့်တာတို့ ဖုန်းတွေပြောပေးတာတို့ကို ဒူက လုပ်ပေးရပါတော့တယ် အဲဒီနေ့မှာပဲဒူက သီချင်းမလွှင့်ခင်ကိုယ့်အိမ်မက်‌တွေ အကြောင်းပြောပြီးဆုကြေးငွေရဖို့အတွက် တောင်းဆိုထားတဲ့ဖုန်းတွေ ဆီအရင်ဖုန်းဆက်လိုက်ပါတယ် ပထမဆုံးတစ်ယောက်ဖြစ်တဲ့ ဂျမ် ဆိုတဲ့သူဆီဖုန်းဆက်လိုက်ပါတယ်..... ဒူကစကားပြောမှားသွားတာကြောင့် ကာမနဲ့ပတ်သက်တဲ့ မေးခွန်းကိုမေးမိသလိုမျိုးဖြစ်သွားပြီးတော့ အဲဒီလို ဖုန်းခေါ်ပြီးမေးတာက တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပြီးတော့ ဂျမ်ဆိုတဲ့ မိန်းကလေးကလည်း သူ့ကိုကာမနဲ့ဆိုင်တဲ့မေးခွန်းတွေမေးတာကြောင့် စိတ်ပါပါနဲ့ပြန်ဖြေလိုက်ပါတော့တယ်.... တနိုင်ငံလုံးနီးပါး အဲဒီရေဒီယိုကိုနားထောင်နေကြတာပါ အဲဒါနဲ့ဒူရဲ့မေးခွန်းကမှားသွားတာကိုနောက်တစ်နေ့မှာ မေးခွန်းမေးတာမှားသွားကြောင်း ဒူက အဲဒီဂျမ်ဆိုတဲ့မိန်းကလေးကိုတောင်းပန်လိုက်ပါတယ်.... အဲဒါနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် ဖုန်းကနေပြီးတော့ တဆင့်ရင်းနှီးသွားပြီးနေ့တိုင်းဖုန်းပြောဖြစ်ကြတယ် အပြင်မှာတော့ တစ်ယောက်နဲ့တစ်ယောက် မတည့်ပါဘူး သူတို့နှစ်ယောက်ကလည်း အပြင်မှာ အိမ်နီးချင်း‌တွေဖြစ်နေကြမှန်းမသိဘူးပေါ့..... နောက်ဆုံးမှာသူတို့တွေက အိမ်ချင်းနီးတွေဆိုပြီး သိသွားကြမလား သိသွားရင်ရော ဘာဆက်ဖြစ်ကြမလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့....... Quality.....WebRip 1080p / 720p File Size.....(1.8 GB) / (1.2 GB) Duration.....01:54:00

ဇာတ်လမ်းအကြောင်း