ဇာတ်ကားများ ရွေးရန်

We Bury the Dead

2026ဇာတ်ကားအမှတ် 6.5/1095 မိနစ်

We Bury the Dead (2026) ++++++++++ IMDb Rating (6.0) / Rotten Tomatoes (87%) ဒီတစ်ခါတော့ ၂၀၂၆ ခုနှစ်အစောပိုင်းမှာ ထွက်ထားတဲ့ Daisy Ridley ရဲ့ Zombie ကားသစ်လေး We Bury the Dead ကို တင်ပေးထားလိုက်ပါတယ်။ ဒီကားက သာမန် Zombie ကားတွေလို ကိုက်မယ်၊ ဝါးမယ်၊ ပြေးမယ်ဆိုတာမျိုး မဟုတ်ဘဲ Drama ဘက်နည်းနည်းရောက်တဲ့၊ ဆွေးဆွေးမြေ့မြေ့ ခံစားရမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ++++++++++ အမေရိကန်စစ်တပ်ရဲ့ စမ်းသပ်မှုတစ်ခု လွဲချော်သွားပြီး တက်စမေးနီးယားကျွန်း (Tasmania) က လူ ၅ သိန်းလောက် သေဆုံးသွားတယ်။ အဲဒီမှာ Ava (Daisy Ridley) ဆိုတဲ့ အမျိုးသမီးက သူ့ယောကျ်ား Mitch ကို ရှာဖို့ဆိုပြီး "အလောင်းကောက်သိမ်းရေးအဖွဲ့" မှာ စေတနာ့ဝန်ထမ်းအနေနဲ့ ဝင်လုပ်ပါတယ်။ တကယ်တော့ သူ့ယောကျ်ားက အဲဒီဒေသမှာ အလုပ်ကိစ္စနဲ့ ရောက်နေတုန်း မတော်တဆမှု ဖြစ်သွားတာပါ။ ဒီကားရဲ့ ထူးခြားချက်က သေသွားတဲ့သူတချို့ ပြန်နိုးလာတာပဲ။ ဒါပေမဲ့ တခြားကားတွေလို ချက်ချင်းထကိုက်တာမျိုး မဟုတ်ဘူး။ သူတို့က ဘာမှန်းမသိ ငေးငေးငိုင်ငိုင်ကြီးတွေ ဖြစ်နေတာ။ နောက်ပိုင်းကျမှ တဖြည်းဖြည်း အကြမ်းဖက်လာကြတယ်။ ထူးခြားတာက "မပြီးပြတ်သေးတဲ့ ကိစ္စ" အသေမဖြောင့်တာတွေ ရှိတဲ့သူတွေက ပြန်နိုးလာကြတယ်ဆိုတဲ့ သဘောမျိုး ယူထားတာပါ။ Ava နဲ့အတူ Clay (Brenton Thwaites) ဆိုတဲ့ ကောင်လေးတစ်ယောက် ပါလာပြီး သူတို့နှစ်ယောက် တားမြစ်နယ်မြေထဲ ဖြတ်ပြီး Ava ယောကျ်ားရှိမယ့်နေရာကို သွားကြပါတယ်။ ဒီလမ်းမှာ ဘာတွေ ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရမှာပါပဲ။ File Size… (1.11GB) / (585MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 35m Genre ….Horror , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း