Viraata Parvam
၁၉၇၃ ခုနှစ်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းထဲက မိန်းကလေးဟာ ဓနရှင်တွေနဲ့ အခြေခံလူတန်းစားတို့ကြား တိုက်ပွဲတွေဖြစ်နေချိန်မှာ မွေးဖွားလာခဲ့သူပါ။ မိခင်ဆီက ခေါင်းမာတဲ့စိတ်၊ ဖခင်ဆီက စာပေနဲ့ ကဗျာဖတ်တဲ့အလေ့အထကို အမွေရထားပြီး ကိုယ်မှန်တယ်ထင်ရင် နောက်ဆုတ်တတ်သူ မဟုတ်ပါဘူး။ တစ်နေ့တော့ သူငယ်ချင်းရဲ့အစ်ကိုဆီက စာအုပ်တစ်အုပ်ကို ဖတ်မိရာက လူတန်းစားအားလုံး တန်းတူညီမျှရှိသင့်တယ်ဆိုတဲ့ အတွေးတွေ ဝင်လာပါတယ်။ စာအုပ်ထဲက အကြောင်းအရာတွေတင်မကဘဲ ရေးသားသူကိုပါ စွဲလမ်းသွားတဲ့အခါ မထင်မှတ်ထားတဲ့ အရှုပ်အထွေးတွေထဲ သူဘယ်လို ပါဝင်ပတ်သက်မိမလဲဆိုတာကို ဆက်ပြထားပါတယ်။ အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ် Rana Daggubati နဲ့ Sai Pallavi တို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း