ဇာတ်ကားများ ရွေးရန်

Twisted

2026ဇာတ်ကားအမှတ် 5.0/1093 မိနစ်

Twisted (2026) IMDb Rating (5.0) ဒီတစ်ခါတော့ သည်းထိတ်ရင်ဖို Horror/Thriller ကြိုက်တဲ့သူတွေအတွက် ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၆ မှာ ထွက်ရှိလာတဲ့ "Twisted" ဆိုတဲ့ ရုပ်ရှင်အသစ်လေး တင်ပေးထားပါတယ်။ ဒီကားကို နာမည်ကြီး "Saw" ရုပ်ရှင်တွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Darren Lynn Bousman က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Terrifier မင်းသမီး Lauren LaVera နဲ့ Blood Diamond မင်းသားကြီး Djimon Hounsou တို့ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ နယူးယောက်မြို့မှာ သူများတိုက်ခန်းတွေကို ပိုင်ရှင်ယောင်ဆောင်ပြီး အငှားချစားနေတဲ့ လူလိမ် လူငယ်နှစ်ယောက်အကြောင်းပါ။ သူတို့က အိမ်ပိုင်ရှင်တွေ မရှိခိုက် အခွင့်ကောင်းယူ၊ အိမ်ငှားချင်သူတွေကို လိမ်ပြီး ပိုက်ဆံရှာနေကြတာပါ။ အလုပ်တွေအဆင်ပြေနေရင်း တစ်ရက်ကျတော့ သူတို့ပစ်မှတ်ထားမိတဲ့ အိမ်ရှင်က သာမန်လူမဟုတ်ဘဲ ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက် (Djimon Hounsou) ဖြစ်နေတယ်။ ဒီဆရာဝန်ကြီးမှာက သေဆုံးသွားတဲ့ သူ့မိန်းမကို ပြန်အသက်သွင်းဖို့ကြိုးစားနေတဲ့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာပါ။ လိမ်မယ်ဆိုပြီး ဝင်သွားကာမှ ဆရာဝန်ကြီးရဲ့ ထောင်ချောက်ထဲမိပြီး ပြန်ထွက်မရ ဖြစ်သွားရော။ဆရာဝန်ကြီးက သူ့ရဲ့ စမ်းသပ်မှုတွေအတွက် ဒီလူငယ်တွေကို ဘယ်လိုအသုံးချမလဲ၊ သူတို့ကရော ဒီငရဲခန်းကနေ လွတ်အောင် ဘယ်လိုရုန်းကန်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားမျိုးပါ။ သုံးသပ်ချက် Saw ဒါရိုက်တာရဲ့ လက်ရာဆိုတော့ သွေးထွက်သံယိုခန်းတွေ၊ ရက်စက်တဲ့ အကွက်တွေ ပါနိုင်သလို Terrifier မင်းသမီးရဲ့ သရုပ်ဆောင်ချက်တွေကိုပါ မြင်ရမှာပါ။ "ငါ လိမ်လိုက်ရပြီ" လို့ ထင်နေပေမယ့် ကိုယ်တိုင်က သားကောင်ဖြစ်မှန်းမသိ ဖြစ်သွားရတဲ့ Plot Twist မျိုးတွေနဲ့ ကြောင်နဲ့ကြွက် ကစားပွဲကို ကြိုက်တယ်ဆိုရင်တော့ ဒီကားကို ကြည့်သင့်ပါတယ်။ File size… (1.7 GB) / (820 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:33:44 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း