Kis Kisko Pyaar Karoon 2
Kis Kisko Pyaar Karoon 2 (2025) ပန်းလေးပွင့်ပုံပြင် ၂၀၁၅ ခုနှစ်က အောင်မြင်ခဲ့တဲ့ Kis Kisko Pyaar Karoon ရုပ်ရှင်ရဲ့အဆက်အဖြစ် Kis Kisko Pyaar Karoon 2 ထွက်ရှိလို့လာပါပြီ။ ဒီရုပ်ရှင်မှာလည်း အရင်ကားမှာ ပါဝင်ခဲ့တဲ့ အိန္ဒိယရဲ့ နာမည်ကျော် ဟာသသရုပ်ဆောင် ကပီးလ်ရှာရ်မာက ခေါင်းဆောင်မင်းသားအဖြစ်ပြန်လည်ပါဝင်ထားပြီး ပရိသတ်တွေရယ်မောဖို့ အတည်ပေါက်ဟာသတွေ ထပ်ဖောက်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ မိုဟန်ဟာ ဆာနီယာ ဆိုတဲ့ မိန်းကလေးနဲ့ ချစ်သူတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆယ်ကြိမ်ကျော် လက်ထပ်ဖို့ကြိုးစားဖူးပေမဲ့ ဘာသာမတူတာကြောင့် နှစ်ဖက်မိသားစုတွေက အကြိမ်ကြိမ်တားခဲ့ကြပါတယ်။ ဆာနီယာနဲ့ လက်ထပ်နိုင်ဖို့အတွက် မိုဟန်ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့ပေမဲ့ မမျှော်လင့်ဘဲ အလွဲအချော်တွေဖြစ်ပြီး မိုဟန်ဟာ ဆာနီယာအစား သူ့ရဲ့ ဝမ်းကွဲညီမ ရူဟီနဲ့ မှားယွင်းလက်ထပ်မိသွားသလို၊ နောက်ပိုင်းမှာလည်း အခြေအနေအရပ်ရပ်ကြောင့် မီရာနဲ့ ဂျန်နီဆိုတဲ့ မိန်းကလေးတွေနဲ့ပါ ထပ်မံလက်ထပ်မိသွားပြီး ဇနီး သုံးယောက် ဖြစ်သွား တဲ့အခါမှာတော့။ ဇနီး သုံးယောက်ကြားမှာ လျှို့ဝှက်ချက်တွေ မပေါက်ကြားအောင် သူငယ်ချင်းဖြစ်သူနဲ့အတူ ကြိုးစားရင်း၊ တစ်ဖက်မှာလည်း သူ့ရဲ့ချစ်သူ ဆာနီယာရဲ့ အချစ်ကိုပြန်ရဖို့ နာမည်အမျိုးမျိုး၊ ဘာသာအမျိုးမျိုး ပြောင်းလဲဟန်ဆောင်ရင်း ဖြစ်ပေါ်လာတဲ့ ရယ်စရာ အလွဲအချော်တွေကို ပုံဖော်တင်ဆက်ထားတဲ့ ဟာသရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။ File size… 3.3 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2hr 21mins Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း