ဇာတ်ကားများ ရွေးရန်

Cross The Battlefield

2023ဇာတ်ကား88 မိနစ်

ချန်ကျစ်ဖျင်ဟာ ဇနီးဖြစ်သူမပါဘဲ အထက်တန်းကျောင်းသား သားဖြစ်သူ ချန်ယွီဖေးကို တစ်ယောက်တည်း ပျိုးထောင်နေသူပါ။ ချန်ယွီဖေးက E-sports ဂိမ်းတွေကို ဝါသနာကြီးပြီး အပျော်တမ်းကစားရုံနဲ့ မကျေနပ်ဘဲ ပရော်ဖက်ရှင်နယ်ကစားသမား ဖြစ်ချင်နေပါတယ်။ ဒါကြောင့် မြို့နယ်လူရည်ချွန်ဂိမ်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အားခဲထားပါတယ်။ အဖေဖြစ်သူကတော့ ဂိမ်းဆိုတာ ပညာရေးကို ထိခိုက်စေတဲ့ အရေးမပါတဲ့အရာလို့ပဲ မြင်ထားတယ်။ သားက ပြိုင်ပွဲသွားပြိုင်ဖို့ စီစဉ်နေမှန်း သိသွားတဲ့အခါ အတင်းတားဆီးတာကြောင့် ချန်ယွီဖေး အိမ်ကနေ ထွက်သွားပါတော့တယ်။ အဲဒီအချိန်မှာပဲ ထူးထူးဆန်းဆန်း ဖြစ်ရပ်တစ်ခုကြောင့် ချန်ကျစ်ဖျင်ဟာ သားရဲ့သူငယ်ချင်း ဝမ်ခိုင်ရဲ့ခန္ဓာကိုယ်ထဲ ရောက်သွားပါတယ်။ သူငယ်ချင်းရဲ့ခန္ဓာကိုယ်ထဲ ရောက်နေပေမယ့် သားကို ဂိမ်းပြိုင်ပွဲ လက်လျှော့စေချင်တဲ့စိတ်ကတော့ မပြောင်းပါဘူး။ ပြိုင်ပွဲမှာ အနှောင့်အယှက်ပေးဖို့ အကြိမ်ကြိမ်ကြိုးစားရင်း သားအဖနှစ်ယောက် ဂိမ်းလောကထဲမှာ ထိပ်တိုက်တွေ့လာကြပါတယ်။ ဒီလိုတွေ့ကြတဲ့အခါ သူတို့ကြားက အထင်လွဲမှုတွေ ဘယ်လိုပြေလည်သွားမလဲဆိုတာကို ဟာသတွေနဲ့ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း