ဇာတ်ကားများ ရွေးရန်

Fragile

2005ဇာတ်ကားအမှတ် 6.5/10101 မိနစ်

Fragile (2005) IMDb Rating (6.0) / Rotten Tomatoes (46%) ပိတ်သိမ်းတော့မယ့် မာစီဖောကလေးဆေးရုံကို သူနာပြုအသစ်တစ်ယောက်ဖြစ်တဲ့ Amy (Calista Flockhart)ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီဆေးရုံမှာရှိတဲ့ကလေးအတော်များများဟာ ရှာလော့တ် လို့ခေါ်တဲ့ စက်ရုပ်ဆန်ဆန်မိန်းကလေးတစ်ယောက်အကြောင်းကို ကြောက်လန့်တကြားပြောလေ့ရှိကြပေမယ့် အားလုံးက ဒါတွေဟာကလေးတွေရဲ့စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ခုလို့သာ ယူဆပြီး ခပ်ပေါ့ပေါ့ပဲသဘောထားကြတာပါ။ အေမီကိုယ်တိုင်လည်း အစပိုင်းမှာ ဒီလိုပဲ သဘောထားခဲ့ပေမယ့် ကလေးတွေထဲက မက်ဂီဆိုတဲ့ကောင်မလေးနဲ့ရင်းနှီးပြီး သံယောဇဉ်တွယ်လာချိန်မှာတော့ ရှာလော့တ်ဟာ တကယ်ရှိနေတယ်လို့ယုံကြည်ချင်စရာဖြစ်ရပ်တွေကိုသူကိုယ်တိုင်ကြုံလာပါတော့တယ်။ နာမည်ကျော် REC (2007-2014) ဇာတ်ကားတွဲတွေ၊ Quarantine တို့ရဲ့ဖန်တီးရှင် ဒါရိုက်တာ Jaume Balagueró ရဲ့လက်ရာဖြစ်ပြီး၊ ဆေးရုံကိုအခြေခံတဲ့ ဟော်ရာကားတွေထဲက အမိုက်စားကားတစ်ကားပါပဲ။ PG-13 rating နဲ့မလိုက်အောင်ခြောက်ခြားစရာ ကြောက်စရာကောင်းတဲ့ကားဖြစ်ပါတယ်။ File size… (1 GB) / (720 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery,Thriller Duration…. 01:41:49 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း