ဇာတ်ကားများ ရွေးရန်

Tamilarasan

2023ဇာတ်ကားအမှတ် 5.0/10136 မိနစ်

ရဲအရာရှိ တမီးလ်ရာဆန်ဟာ အထက်အရာရှိအမိန့်ထက် ကိုယ့်စိတ်ထဲက မှန်တယ်လို့ ယုံကြည်တဲ့အရာကို ဦးစားပေးသူပါ။ ဆန္ဒပြနေတဲ့ ပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ အမိန့်ပေးလာတဲ့အခါ ငြင်းဆန်ခဲ့တာကြောင့် တာဝန်ကနေ ရပ်ဆိုင်းခံလိုက်ရပါတယ်။ ချစ်ရတဲ့ ဇနီးနဲ့ သားလေးရှိပြီး ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပေမယ့် သားဖြစ်သူကို နှလုံးအစားထိုးမှ ရတော့မယ်ဆိုတဲ့ အခြေအနေနဲ့ ကြုံလာရတယ်။ သူတို့တက်မိတဲ့ ဆေးရုံမှာလည်း လူကြီးချင်း လက်ဝါးရိုက်ထားတဲ့ ကိစ္စတွေက ရှုပ်ထွေးနေပါတယ်။ သားလေးရဲ့ နှလုံးအစားထိုးကုသမှုအတွက် စောင့်ဆိုင်းစာရင်းထဲမှာ နေရသလို ငွေကြေးမပြည့်စုံတဲ့ တမီးလ်ရာဆန်က ကုသစရိတ်ရဖို့လည်း လိုက်ရှာနေရတယ်။ သားအတွက်ဆို အသက်ပါ ပေးဖို့ အသင့်ရှိတဲ့ ဖခင်တစ်ယောက်အနေနဲ့ ဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ပြီး ကျော်လွှားနိုင်မလဲဆိုတာ ဆက်တွေ့ရမှာပါ။ တမီးလ်ရာဆန်အဖြစ် ဗီဂျေးအန်တိုနီက သရုပ်ဆောင်ထားပြီး ဆိုနူးနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူတို့လည်း ပါဝင်ထားပါတယ်။ ဗီဂျေးအန်တိုနီဟာ သရုပ်ဆောင်အလုပ်အပြင် တေးရေး၊ တေးဆို၊ ရုပ်ရှင်အယ်ဒီတာ၊ အသံဖမ်းအင်ဂျင်နီယာနဲ့ ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်သူပါ။ ဆိုနူးကတော့ Ramaiya Vastavaiya (2013) မှာ ညီမကို ချစ်ပြီး မြင်းရုပ်လေး လုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

ဇာတ်လမ်းအကြောင်း