Terri Joe: Missionary in Miami
Terri Joe: Missionary In Miami (2026) ဒီဇာတ်ကားဟာဆိုရင် မိမိကိုယ်ကို ဘုရားသခင်ရဲ့ အစေခံ၊ သာသနာပြုဆရာမတစ်ဦးအဖြစ် ခံယူထားပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်စရိုက်ရှိသူ တာရီဂျိုး ရဲ့ မိုင်ယာမီမြိုပြဆီသို ခရီးစဉ်အကြောင်းကို ရိုက်ကူးထားတဲ့ ဟာသဒရာမာ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တာရီဂျိုးဟာ သူမရဲ့ ထုံးစံအတိုင်း မာရ်နတ်ရဲ့ သွေးဆောင်ဖြားယောင်းမှုတွကို တိုက်ဖျက်ဖိုနဲ့ သာသနာပြုလုပ်ငန်းတွေ လုပ်ဆောင်ဖို မိုင်ယာမီကို ရောက်ရှိလာခဲ့တာပါ။ ဒါပေမဲ့ စည်ကားလှပပြီး ခေတ်မီလွန်းတဲ့ မိုင်ယာမီမြိုကြီးရဲ့ လူနေမှုစနစ်၊ ပါတီပွဲတွေနဲ့ ဆွဲဆောင်မှုမျိုးစုံကြားမှာ တာရီဂျိုးတစ်ယောက် သူမရဲ့ ယုံကြည်ချက်တွေကို ထိန်းသိမ်းရင်း မထင်မှတ်ထားတဲ့ အလွဲအချော်ပေါင်းများစွာနဲ့ ရင်ဆိုင်ရပါတော့တယ်။ မြိုပြက လူတွေနဲ့ သူမကြားက အမြင်မတူမှုတွေ၊ ရယ်မောစရာ ကောင်းလောက်အောင် အစွန်းရောက်လှတဲ့ တာရီဂျိုးရဲ့ အပြုအမူတွေကတစ်ဆင့် ဘဝရဲ့ ရုန်းကန်မှုနဲ့ အိပ်မက်တွေအကြောင်းကို ပေါ့ပေါ့ပါးပါးနဲ့ တွေ့မြင်ရမှာပါ။ တာရီဂျိုးတစ်ယောက် မိုင်ယာမီမြိုကြီးမှာ သာသနာပြုလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်မလား၊ ဒါမှမဟုတ် မြိုပြရဲ့ အဝန်းအဝိုင်းထဲမှာပဲ ဘယ်လိုအလွဲတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာကို ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း