ဇာတ်ကားများ ရွေးရန်

How to Lose a Popularity Contest

2026ဇာတ်ကားအမှတ် 6.2/10103 မိနစ်

How to Lose a Popularity Contest (2026) +++++++++++++++++ ဆယ်ကျော်သက် အချစ်ဟာသ (YA Rom-Com) ရုပ်ရှင်လေးတွေ ကြိုက်တဲ့သူတွေအတွက် "How to Lose a Popularity Contest" ဆိုတဲ့ Tubi Original ကားလေးကို ဒါရိုက်တာ Stephen S. Campanelli က ရိုက်ကူးထားပြီး Netflix ရဲ့ Ginny & Georgia ထဲက မင်းသမီးချောလေး Sara Waisglass နဲ့ နာမည်ကြီး TikToker/အဆိုတော် Chase Hudson (Lil' Huddy) တို့က အဓိက အတွဲညီညီ သရုပ်ဆောင်ထားတာမို့လို့ လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတဲ့ ကားလေးပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Ellie Pearse (Sara Waisglass) ဟာ အရာရာကို အပြည့်စုံဆုံးဖြစ်အောင် လုပ်တတ်တဲ့ စာတော်ကျောင်းသူလေးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရည်းစားဟောင်း Rowan က လမ်းခွဲသွားတဲ့အခါမှာတော့ အကြီးအကျယ် စိတ်ဒဏ်ရာရသွားပါတယ်။ ပိုဆိုးတာက အဲဒီရည်းစားဟောင်းက ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုတော့ Ellie တစ်ယောက် မခံချင်စိတ်နဲ့ ကလဲ့စားချေဖို့ အကွက်ချပါတော့တယ်။ ရည်းစားဟောင်းကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်အောင် နှောင့်ယှက်ဖို့အတွက် Ellie ဟာ ကျောင်းက နာမည်ကြီး လူပေလူတေ Slacker လေးတစ်ယောက်ဖြစ်တဲ့ Nate Reed (Chase Hudson) ကို သွားပြီး စည်းရုံးပါတော့တယ်။ ထူးဆန်းတာက Nate ကလည်း သူ့ရည်းစားဟောင်းနဲ့ လမ်းခွဲထားရတာမို့လို့ အသည်းကွဲနေတဲ့သူ ဖြစ်နေတာပါ။ အဲဒါနဲ့ Ellie က Nate ကို သူ့ရဲ့ ခေါင်းညိတ်ရုပ်သေးရုပ်အဖြစ် သုံးပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခိုင်းဖို့၊ Nate ရဲ့ 'Dumb Bro' (လူအူတူတူ ပုံစံ) ကို ဖျောက်ပြီး ဥက္ကဋ္ဌပုံစံပေါက်အောင် ပြုပြင်ပေးဖို့ ဖြစ်လာပါတော့တယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ Ellie က Nate ကို ကျောင်းသားထုကြားမှာ မဲတွေ အများကြီးရအောင်၊ လူကြိုက်များအောင် နောက်ကွယ်ကနေ ကြိုးကိုင်ပေးပါတယ်။ ဒါပေမဲ့ ရည်းစားဟောင်းတွေကို ကလဲ့စားချေဖို့ ပေါင်းမိရာကနေ၊ သူတို့နှစ်ယောက်ကြားမှာ မမျှော်လင့်ဘဲ အချစ်စိတ်တွေ တဖြည်းဖြည်း နိုးကြားလာတဲ့အခါမှာတော့... Ellie သေသေချာချာ ချမှတ်ထားတဲ့ အစီအစဉ်တွေအားလုံး ဗြောင်းဆန်ကုန်ပါတော့တယ်။ ကျောင်းတွင်း အားပြိုင်မှု၊ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေနဲ့ "Hate to Love" (မုန်းရာကနေ ချစ်သွားတဲ့) ဇာတ်လမ်းပုံစံမျိုး ကြိုက်တတ်ရင် ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်လို့ကောင်းမယ့် ကားလေးပါ။ နောက်ဆုံးမှာ Ellie တစ်ယောက် ရည်းစားဟောင်းကို ကလဲ့စားချေနိုင်မလား၊ ဒါမှမဟုတ် သူ့အတွက် တကယ့်အချစ်စစ်ဖြစ်တဲ့ Nate နဲ့ပဲ လက်တွဲသွားမလားဆိုတာကိုတော့ 'How to Lose a Popularity Contest' ထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File Size… (1.32GB) / (725MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 42m Genre ….Comedy , Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း