ဇာတ်ကားများ ရွေးရန်

Love, Again

2019ဇာတ်ကားအမှတ် 7.1/10112 မိနစ်

Love, Again (2019) ဒီတစ်ခါမှာတော့ ခေါင်းရှုပ်စရာတွေ မပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ တဟားဟား ရယ်မောရင်းကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ cast တွေကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားကြီး Kwon Sang Woo, Parasyte: The Grey ထဲက မင်းသမီး Lee Jung Hyun နဲ့ ပရိသတ်တို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Lee Jong Hyuk တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဟျွန်းအူ(Kwon Sang-Woo) နဲ့ ဆွန်းယောင်း (Lee Jung-Hyun) တို့ဟာ ကွာရှင်းပြတ်ဆဲပွဲကိုတောင် အကျအနကျင်းပပြီး တရားဝင် လမ်းခွဲခဲ့ကြတဲ့ လင်မယားဟောင်းတွေပါ။ ဟျွန်းအူတစ်ယောက် လူလွတ်ဘဝနဲ့ လွတ်လပ်မှုကို အားရပါးရ ခံစားနေရင်း .. ဇနီးဟောင်းနဲ့ ပြန်တွေ့ရင် အိမ်ထောင်ရေး အိပ်မက်ဆိုးကြီး ပြန်စမှာစိုးလို့ အတတ်နိုင်ဆုံး ရှောင်ဖယ်နေပေမယ့်... သူ့ဇနီးဟောင်းမှာ ရည်းစားသစ် ရနေပြီဆိုတဲ့ သတင်းက သူ့ကို မနေနိုင်မထိုင်နိုင် ဖြစ်စေခဲ့ပါတယ်။ ပိုဆိုးတာက ဇနီးဟောင်းရဲ့ ရည်းစားသစ်ဟာ ဟျွန်းအူ အထက်တန်းကျောင်းကတည်းက အမြဲရှုံးနိမ့်ခဲ့ရတဲ့ ပြိုင်ဘက်ဟောင်းကြီး ဆန်းချော (Lee Jong-Hyuk) ဖြစ်နေတာပါပဲ။ ဆန်းချောက ဟျွန်းအူနဲ့ ဆွန်းယောင်းကို ကွာရှင်းထားတဲ့ လင်မယားတွေဆိုတာ မသိခဲ့ပါဘူး။ ဘယ်လိုပဲ ကွာရှင်းထားပါစေ အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူတွေဖြစ်တာကြောင့် တခြားယောကျ်ားလက်ထဲ ရောက်တော့မယ့် ဇနီးဟောင်းကို ဟျွန်းအူတစ်ယောက် ပြန်ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားမှာလား .. ဘယ်လိုတွေ အလွဲလွဲအချော်ချော်ဖြစ်ဦးမလဲ .. ဒီကားလေးက Relationship ရှိဖူးသူတိုင်း ကြုံလေ့ရှိတဲ့ ခံစားချက်လေးတွေကို ဟာသအမြင်နဲ့ ရိုက်ပြထားလို့ တကယ့်ကို အပန်းပြေစေတာမို့လို့ ရှုစားလိုက်ပါဦးနော် .. File size…1.71GB / 870MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre …..Comedy, Romance, Melodrama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း