ဇာတ်ကားများ ရွေးရန်

Untouchable Lawmen

2015ဇာတ်ကားအမှတ် 6.8/10104 မိနစ်

Untouchable Lawmen (2015) တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ထိပ်သီးအရာရှိတွေကိုလာဘ်ထိုးထားပြီး ဘာသာရေးအဖွဲ့အစည်းကိုဗန်းပြကာ လူကုန်ကူးမှုအပါအဝင် ရာဇဝတ်မှုပေါင်းစုံလုပ်နေတဲ့ ဘာသာရေးခေါင်းဆောင်ဂန်ဆောင်းဂီဟာ သူ့ရဲ့အင်အားတောင့်တင်းမှုနဲ့ နိုင်ငံတွင်းမှာထင်တိုင်းကြဲနေပါတယ်။ ဂန်ဆောင်းဂီလက်ချက်ကြောင့် မိန်းကလေးအများအပြားပျောက်ဆုံးမှုတွေဖြစ်လာတဲ့အခါမှာတော့ ရဲတပ်ဖွဲ့တွေက တရားခံကိုလက်ပူးလက်ကြပ်ဖမ်းနိုင်ဖို့ နည်းလမ်းရှာရပါတော့တယ်။ အာဏာပိုင်တွေရဲ့ကာကွယ်မှု၊ ငွေကြေး၊ သြဇာလွှမ်းမိုးမှုတွေကိုချုပ်ကိုင်ထားတာကြောင့် ဘယ်သူမှလာထိပါးလို့မရတဲ့ ဂန်ဆောင်းဂီလိုရာဇဝတ်သားကိုဖမ်းနိုင်ဖို့ နောက်ဆုံးမှာဆုံးဖြတ်ချက်ချလိုက်တာကတော့..... ရာဇဝတ်မှုတရားခံတွေကို ကိုယ်ထိလက်ရောက်တိုက်ခိုက်တတ်ပြီး ကြမ်းတမ်းတဲ့ FBI အဖွဲ့ဝင်‌‌‌‌ဟောင်း အီဂျောင်းဂျင်နဲ့ ထူးချွန်ရဲရင့်တဲ့စုံထောက်တစ်ယောက်ဖြစ်ပေမဲ့ မိန်းမပွေလီတဲ့နာမည်ဆိုးနဲ့ကျော်ကြားသူ ဂျိုယူမင်တို့ကို အဖွဲ့ဖွဲ့ပေးလိုက်ကာ ဂန်ဆောင်းဂီရဲ့ရာဇဝတ်မှုတွေကိုဖော်ထုတ်ပြီးဖမ်းဖို့လျှို့ဝှက်တာဝန်ပေးအပ်လိုက်ပါတော့တယ်။ ရဲဝန်ထမ်းလောကမှာအရူးတွေလို့နာမည်ကြီးတဲ့သူတို့နှစ်ယောက် ဘယ်လိုနည်းဗျူဟာတွေသုံးပြီး သက်သေတွေအရယူမလဲ ဂန်ဆောင်းဂီရဲ့အာဏာစက်ကရော ပြိုလဲသွားနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်။ File Size - 1.5 GB/ 684 MB Quality - NF WEB-DL 1080p/ 720p Duration - 1h 44m Format - mp4 Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း