Kabhi Haan Kabhi Naa
Kabhi Haan Kabhi Naa (1994) (Sometimes Yes, Sometimes No) IMDB : 7.6 Rotten Tomatoes : 83% Genre : Romance / Comedy မင်းသားကြီး ရှာရွတ်ခန်းရဲ့ ၁၉၉၄ ခုနှစ်ထွက် “Kabhi Haan Kabhi Naa” က တော်တော်လေးကို သဘောကျစရာကောင်းတဲ့ Rom/Com ရုပ်ရှင် ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ တော်တော်လေးလည်း ရယ်ရသလို တော်တော်လေးလည်း ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာကို ဝမ်းနည်းစရာလို့မြင်အောင်မရိုက်ပြသွားပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်တစ်ခုလိုမျိုး ပြသွားတာ တော်တော်လေးကို ချီးကူးဖို့ကောင်းပြီး အဲဒီအချက်ကပဲ ဒီရုပ်ရှင်ရဲ့ အားသာချက်တစ်ခုပါ။ တကယ်တမ်းပြန်တွေးကြည့်လိုက်ရင် Rom/Com တော်တော်များများက အရမ်းကို စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်းတစ်ခုကို ဟာသနဲ့ချပြသွားတာများတယ်။ လက်တွေ့ဘဝမှာ ဒါတွေက ထင်သလိုဖြစ်လာဖို့က မလွယ်ကူနေပြန်ဘူး။ ဒီရုပ်ရှင်ကတော့ မတူထူးခြားတဲ့ Rom/Com အချစ်ဇာတ်လမ်းလေးမလို့ စခွီထရင်း ပိတ်ရက်တွေကိုဖြတ်သန်းလိုက်ကြပါ။ မကောင်းမှာတော့မပူပါနဲ့။ မင်းသားက ရှာရွတ်ခန်းပဲကို။ ဇာတ်ညွှန်း ဆူနေလ်ဆိုတာက ဘဝမှာ စာမေးပွဲဆိုတာကိုအောင်,အောင်လို့ ဖြေရမယ်ဆိုတာ မသိတဲ့လူ။ စာမေးပွဲကိုထင်သလိုကျနေတဲ့လူငယ်တစ်ယောက်။ သူ့ဖားသားကြီးကတော့ပြတ်တယ် “ဒီတစ်ခါစာမေးပွဲထပ်ကျလို့ကတော့ အိမ်ရိပ်မနင်းရဘူး ဂိုထောင်ရိပ်ပဲနင်းရမယ် လာ ငါ့ဂိုထောင်မှာလာကူလှည့်” လို့ ရာဇသံထုတ်ပြီးသား။ စာကလွဲအကုန်စိတ်ဝင်စားတဲ့ ဆူနေလ်မှာ ကြိတ်စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူကတော့ ခရစ်ယာန်မိသားစုက အန်နာ။ ဆူနေလ်က တစ်ခုတော့ထူးချွန်တယ်။ အဲဒါကတော့ ဂီတ။ ဆူနေလ်မှာ လူငယ်သူငယ်ချင်းတွေစုပြီးတော့ ထောင်ထားတဲ့ တီးဝိုင်းလေးတစ်ခုရှိတယ်။ အဲဒီတီးဝိုင်းမှာ အန်နာလည်းပါတယ်။ ဒီလိုနဲ့ အန်နာက တခြားမြို့ကနေ ပြန်ရောက်လာတော့ ဘူတာရုံမှာသွားကြိုဖို့ကိုပဲ ဆူနေလ်တစ်ယောက်အာရုံရောက်နေခဲ့တယ်။ ဒါပေမဲ့ သူ့လိုမျိုး အန်နာကိုသွားကြိုချင်တဲ့လူနောက်တစ်ယောက်ရှိတယ်။ အဲဒါက သူတို့တီးဝိုင်းထဲက သူဌေးသားလေး မောင်ခရစ်စ်။ ဒီလိုနဲ့ “အန်နာအချစ်ရရေး မောင်ဆူနေလ်အရေး” မှာခရစ်စ်ဆိုတဲ့ ဆူးခလုတ်က လမ်းလယ်ခေါင်ရောက်လာပြီ။ ကျူပင်ကြီးမဖြစ်ခင်၊ ကျူငုတ်ကို အရင်ခုတ်မှဖြစ်မယ်ဆိုပြီး အန်နာ့အချစ်ကိုရဖို့ ဆူနေလ်တစ်ယောက် ဘယ်လိုမျိုး ကြိုးစားသွားမှာလဲကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။- File size… 3.6 GB/ 1.8 GB Quality… WEB DL 1080p & 720p Format… mp4 Duration…. 2h 38m Genre ..... Romance / Comedy Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း