ဇာတ်ကားများ ရွေးရန်

End of the Line

2007ဇာတ်ကားအမှတ် 5.8/1095 မိနစ်

End of the Line (2007) IMDb Rating (5.8) / Rotten Tomatoes (49%) ညနက်သန်းခေါင်မြေအောက်ရထားစီးလာတဲ့ ခရီးသည်တစ်စုဟာ ဘူတာနှစ်ခုကြားမှာ ရထားကြီးရုတ်တရက်ရပ်တန့်သွားတဲ့အခါ ပိတ်မိသွားကြပါတယ်။ အဲ့ဒီနောက်မကြာခင်မှာပဲ သာသနာပြုဝတ်စုံတွေနဲ့ကျမ်းစာအုပ်ကိုင်ထားတဲ့ လူတစ်စုရဲ့ရက်ရက်စက်စက်လိုက်လံသတ်ဖြတ်မှုကိုခံရပါတော့တယ်။ အဲ့ဒီစိတ္တဇသမားတွေလက်ကလွတ်အောင်ပြေးရင်း တစ်ဖြည်းဖြည်း သူတို့သိလာတာကတော့ ဒီလူတွေဟာ The voice ဆိုတဲ့ ဘာသာရေးဂိုဏ်းဝင်တွေဖြစ်ပြီးကမ္ဘာပျက်တော့မှာဖြစ်တဲ့အတွက် လူတွေကိုသတ်ဖြတ်ခြင်းကသာ သူတို့ဝိဉာဉ်ကိုကယ်တင်ရာရောက်တယ်လို့ယူဆပြီးsave လုပ်တဲ့အနေနဲ့လိုက်သတ်ကြတာဖြစ်ပါတယ်။ ကယ်တင်ခြင်းမခံရတဲ့သူတွေရဲ့ခန္ဓာတွေကိုတော့ မိစ္ဆာတွေကဝင်ရောက်ပူးကပ်မှာလို့သူတို့က ယုံကြည်ထားကြပါတယ်။ End of the Line (2007) ဟာဟောလိဝုဒ် Blockbuster ကားကြီးတွေလို ဝင်ငွေအမြောက်အမြားမဝင်ခဲ့ပေမယ့် cult classic ဇာတ်ကားတစ်ကားပါ။ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခွင့်ရခဲ့ပြီး ဟော်ရာပရိသတ်တွေကြားမှာ နာမည်ကြီးသွားခဲ့ပါတယ်။ CGI ထက် Practical Effects အမိုက်စားတွေသုံးထားသလိုမွန်းစတားတွေကိုဖန်တီးထားတဲ့ပုံကလည်းအတော်မိုက်ပါတယ်။ အထူးသဖြင့် ဇာတ်သိမ်းခန်းလှည့်ကွက်က wtf ဆိုပြီးဖြစ်ရလောက်တဲ့အထိ ပရိသတ်အတွက်အငြင်းပွားစရာတွေးစရာတွေ ချန်ထားနိုင်ခဲ့တဲ့ Hidden Gem နောက်တစ်ကားပါပဲ။ File size… (1.8 GB) / (920 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:34:57 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း