Heartman: Rock and Love
Heartman: Rock and Love (2026) ကိုယ်တွေရဲ့ တစ်ချိန်က အချစ်ဦးဖြစ်တဲ့ ဆုန်ဂျူးအိုပါးတစ်ဖြစ်လဲ မင်းသား Kwon Sang-Woo ကတော့ Hitman မဟုတ်တဲ့ Heartman နဲ့အတူ ပရိသတ်ကြီးရှေ့ကို တစ်ဖန်ပြန်ရောက်လာခဲ့ပါပြီ။ Kwon Sang-Woo နဲ့အတူ မင်းသမီး Moon Chae-Won က တွဲဖက်သရုပ်ဆောင်ပေးထားပါတယ်။ Hitman ရဲ့ ဒါရိုက်တာကြီးကိုယ်တိုင် ရိုက်ကူးပေးထားတဲ့ အချစ်ဟာသရုပ်ရှင်လေးမို့ ရယ်လည်းရယ်ရမဲ့အပြင် မိသားစုဇာတ်လမ်းလေးကလည်း ရင်ထဲ ကြည်နူးနွေးထွေးရစေမှာပါ။ - ဇာတ်လမ်းအကျဉ်း - ချွဲဆွန်းမင်း (Kwon Sang-Woo) ကတော့ Ambulance လို့ အမည်ရတဲ့ တီးဝိုင်းအဖွဲ့က အဆိုရှင်တစ်ဦးပါ။ ဆွန်းမင်းဟာ တစ်နေ့မှာ ဖျော်ဖြေပွဲ လက်ကမ်းစာစောင်တွေ ဝေပေးဖို့ ဆိုးလ်အမျိုးသမီးတက္ကသိုလ်ကို သွားရာက ငယ်စဉ်က အချစ်ဦး ဟန်ဘိုနာ (Moon Chae-Won) နဲ့ ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပြီး ဖျော်ဖြေပွဲကို ကျိန်းသေပေါက် လာရောက်ပေးဖို့လည်း ဘိုနာ့ကို ဖိတ်လိုက်ပါတယ်။ ဘိုနာက ဖျော်ဖြေပွဲကို လာခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဆွန်းမင်းဟာ လူပုံအလယ်မှာ အရှက်ရစရာတွေ ဖြစ်သွားခဲ့ရပြီး အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ဦးလည်း ပြန်လည် ဝေးကွာသွားခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့အခါ ချွဲဆိုယောင်းလို့ခေါ်တဲ့ ချစ်စရာသမီးလေး ရှိနေပြီဖြစ်တဲ့ တစ်ခုလပ်ဖေဖေ ဆွန်းမင်းက သူ့အချစ်ဦး ဘိုနာနဲ့ အမှတ်မထင် နောက်တစ်ကြိမ် ပြန်လည်ဆုံစည်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့... ပထမတစ်ကြိမ်တုန်းက အချစ်ဦးနဲ့ လွဲခဲ့ရတဲ့ ဆွန်းမင်းက ဒီတစ်ကြိမ်မှာတော့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်မလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားပေးကြပါဦးရှင်။ File Size : 1.56GB/ 800MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr 40m Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း