ဇာတ်ကားများ ရွေးရန်

Horror in the High Desert 4: Majesty

2025ဇာတ်ကားအမှတ် 4.1/1077 မိနစ်

Horror in the High Desert 4: Majesty (2025) +++++++++++++++ Horror in the High Desertစီးရီးဟာ Found Footageနဲ့Mockumentaryပုံစံကိုပေါင်းစပ်ရိုက်ကူးထားပြီး ခြောက်ခြားဖွယ်ရာ ရုပ်ရှင်လောကမှာ ထူးခြားတဲ့ နေရာတစ်ခုရထားတဲ့ စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ စီးရီးရဲ့ပထမဆုံးကားကတည်းက Gary Hinge ဆိုတဲ့ အမျိုးသားတစ်ယောက် နီဗားဒါးသဲကန္တာရထဲမှာ ထူးဆန်းစွာ ပျောက်ဆုံးသွားမှုနဲ့ပရိသတ်တွေကိုဆွဲဆောင်ခဲ့ပြီး အခု Part 4: Majesty မှာတော့ ဇာတ်လမ်းက ပိုမိုနက်ရှိုင်းလာပြီပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာ နီဗားဒါးသဲကန္တာရထဲက ဝေးလံခေါင်ဖျားတဲ့ မက်ဂျက်စတီလို့ခေါ်တဲ့ ခြံဝင်းကြီးတစ်ခုကို အခြေခံထားပါတယ်။ အဓိကဇာတ်ကောင် ဒေါ်လီဘရုဒ်ဘန့်က သူမရဲ့ မိသားစုပိုင်မြေကွက်ထဲမှာ နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့တဲ့ သေတ္တာအဟောင်းတစ်လုံးကို မတော်တဆ ပြန်တွေ့ရာကနေ ဇာတ်လမ်းစတင်ပါတယ်။ အဲဒီသေတ္တာထဲမှာ သူမတို့မိသားစုရဲ့ ဖုံးကွယ်ထားတဲ့အတိတ်က လျှို့ဝှက်ချက်တွေတင်မကဘဲ၊အရှေ့ကအပိုင်းတွေမှာ ပျောက်ဆုံးသွားခဲ့သူတွေနဲ့ ဆက်စပ်နေတဲ့ထိတ်လန့်စရာ အထောက်အထားတွေ ပါဝင်နေပါတယ်။ သွေးထွက်သံယိုတွေထက် "ဘာဖြစ်မလဲ" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ခြောက်ခြားမှုကို ကြိုက်နှစ်သက်သူဆိုရင် ဒီစီးရီးက လက်မလွှတ်သင့်တဲ့စီးရီးမျိုးပါ။ ကန္တာရရဲ့ အထီးကျန်မှုနဲ့ ညဘက်ရဲ့ အမှောင်ထုကို ဒါရိုက်တာ Dutch Marichက အကောင်းဆုံး အသုံးချထားပါတယ်..... File Size… (987MB) / (486MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 17m Genre ….Horror Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း