ဇာတ်ကားများ ရွေးရန်

The Collection

2012ဇာတ်ကားအမှတ် 6.3/1082 မိနစ်

အယ်လီနာဟာ သူငယ်ချင်းတွေနဲ့အတူ ပါတီတစ်ခုကို သွားခဲ့ရာက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့အဖြစ်နဲ့ ကြုံလိုက်ရပါတယ်။ အဲဒီနေရာကနေ ထွက်ပြေးဖို့ ကြိုးစားပေမယ့် The Collector ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်။ အာကင်ကတော့ The Collector ဆီကနေ လွတ်မြောက်လာခဲ့သူပါ။ တစ်နေ့မှာ အယ်လီနာရဲ့အဖေက သူ့လက်ထောက်ကို အာကင်ဆီ လွှတ်ပြီး သမီးကို ကူရှာပေးဖို့ တောင်းဆိုလာပါတယ်။ လွတ်လာခဲ့တဲ့ အာကင်တစ်ယောက် အယ်လီနာကို ဘယ်လိုကယ်ထုတ်မလဲဆိုတာ ဆက်ပြထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားပါ။ ၂၀၁၂ ခုနှစ်ထွက် ဒီကားဟာ ၂၀၀၉ ခုနှစ်က The Collector ရဲ့ အဆက်လို့လည်း ဆိုနိုင်ပါတယ်။

ဇာတ်လမ်းအကြောင်း