ဇာတ်ကားများ ရွေးရန်

Let Me In

2010ဇာတ်ကားအမှတ် 7.1/101162 မိနစ်

Let Me In (2010) IMDB : 7.1 Rotten Tomatoes : 89% Genre : Horror / Fantasy Let Me In (2010) ကတော့ နာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Matt Reeves ရဲ့ လက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ထွက် စာရေးဆရာ John Ajvide Lindqvist ရဲ့ Let the Right One In ကို အသက်သွင်းထားတဲ့ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး တော်တော်လေးကို ကြည့်လို့ကောင်းတယ်လို့ဆိုရပါမယ်။ ဒီရုပ်ရှင်က Horror / Fantasy ဆိုပေမဲ့ Romance Genre ကိုပါ ထည့်သွင်းထားတာကြောင့် ရင်ထဲမှာ စွဲကျန်စေခဲ့တဲ့ ရုပ်ရှင်တစ်ကားဆိုလည်းမမှားပါဘူး။ ဇာတ်ညွှန်း လူတစ်ယောက် ဆေးရုံကိုရောက်လာခဲ့တယ်။ ရဲတစ်ယောက်လည်း နောက်ကလိုက်လာတယ်။ ဘာသာရေးဂိုဏ်းတစ်ခုခုနဲ့ ဆက်နွယ်နေလားလို့ မေးခွန်းထုတ်ဖို့ ကြံနေတုန်းမှာ မထင်မှတ်ထားတာ တစ်ခုဖြစ်ခဲ့တယ်။ အဲဒီလူမှာ သမီးလေးတစ်ယောက်ရှိတယ်တဲ့… အိုဝင်ဆိုတာကတော့ ကျောင်းမှာ ကျောင်းသားချင်းအနိုင်ကျင့်ခံနေရတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အိမ်ပြန်လာတော့လည်း အမေပဲရှိတယ်။ အမေကလည်း အဖေနဲ့ ကွဲကွာဖို့ကြံနေတယ်။ ဆိုတော့ အိုဝင်က ငယ်ဘဝ စိတ်ဒဏ်ရာဆိုတဲ့ ခေါင်းစဉ်အောက်က အချက်တော်တော်များများနဲ့သွားကိုက်ညီနေတယ်။ တစ်ရက်မှာတော့ သူအက်ဘီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တယ်။ အက်ဘီက သူ့အိမ်နားကိုပြောင်းလာတဲ့ ကောင်မလေးတစ်ယောက်။ သူနဲ့အတူ သူ့အဖေလည်းပါလာခဲ့တယ်။ ဒါပေမဲ့ အက်ဘီမှာလျှို့ဝှက်ချက်ရှိတယ်။ သူ့အဖေမှာလည်း လျှို့ဝှက်ချက်ရှိတာပဲ။ အရိုးခံနဲ့ အိုဝင်တစ်ယောက်သာ ဘာမှမသိခဲ့တာ။ ဒီလိုနဲ့ အိုဝင်နဲ့အက်ဘီ သူငယ်ချင်းဖြစ်ခဲ့တယ်။ ခက်တာက အိုဝင်မသိတဲ့အချက်တွေ အများကြီးရှိသေးတယ်။ ကျောင်းမှာကလည်း အနိုင်ကျင့်တဲ့လူတွေကရှိနေပြန်တယ်။ ဘယ်လိုမျိုး ဖြစ်သွားမှာလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ကြပါခင်ဗျာ။ ဇာတ်လမ်းလေးကလည်း ဆန်းတာမလို့ ရင်ထဲမှာ စွဲငြိပြီးကျန်ခဲ့မှာသေချာပါတယ်။ အိုဝင်အဖြစ်မင်းသား Kodi Smit-McPhee အက်ဘီအဖြစ် ငယ်ဘဝက အချစ်တော်မင်းသမီးလေး (ခုထိလည်းချစ်တုန်း) Chloë Grace Moretz ဘူလီကောင်အဖြစ် 13 Reasons Why ထဲက မင်းသား Dylan Minnette တို့က သရုပ်ဆောင်ထားကြပါတယ်။ File size… 1.16 GB/ 650 MB Quality… BluRay 1080p & 720p Format… mp4 Duration…. 1h 56m Genre .....Horror / Fantasy / Romance Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း