ဇာတ်ကားများ ရွေးရန်

[18+] Bula

2022ဇာတ်ကားအမှတ် 6.8/10104 မိနစ်

မယ်လ်ဒီဟာ အဝတ်လျှော်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ရင်း မသန်စွမ်းတဲ့ ခင်ပွန်းကို ပြုစုလုပ်ကျွေးနေတဲ့ မိန်းမငယ်တစ်ယောက်ပါ။ အပြင်ကကြည့်ရင် သူ့ဘဝက ရိုးရိုးရှင်းရှင်းလို့ ထင်ရပေမယ့် ပတ်ဝန်းကျင်က မသိတဲ့ သူ့စိတ်ဆန္ဒတွေကို သိုသိုသိပ်သိပ် ဖုံးကွယ်ထားတယ်။ ဖောက်သည်တွေရဲ့ အဝတ်အစားတွေကို ခိုးဝတ်ပြီး ခင်ပွန်းနဲ့ ဝတ်စုံပြောင်း၊ ဇာတ်ရုပ်ပြောင်းကစားကာ သူ့ရဲ့ လိင်စိတ်ဆန္ဒကို ဖြည့်ဆည်းတတ်ပါတယ်။ မယ်လ်ဒီက လိုချင်တဲ့အရာရှိရင် ပစ္စည်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် ရအောင်ယူချင်ပြီး အဲဒီအတွက် ဘာမဆိုလုပ်ရဲသူပါ။ ဖောက်သည်အသစ်ဖြစ်တဲ့ ရဲအရာရှိနဲ့ သူ့ချစ်သူ မော်ဒယ်မလေးကို တွေ့ရတဲ့အခါ မော်ဒယ်မလေးရဲ့ ဘဝကို အားကျလာသလို ရဲအရာရှိကိုလည်း အလွန်အမင်း လိုချင်လာတယ်။ တစ်ချိန်တည်းမှာ သူတို့ပတ်ဝန်းကျင်မှာ ရက်စက်တဲ့ ကွင်းဆက်လူသတ်မှုတွေ ဖြစ်ပေါ်နေပြီး အဲဒီအမှုတွေကို ဒီရဲအရာရှိက စုံစမ်းရဖို့ ဖြစ်လာပါတယ်။ မယ်လ်ဒီရဲ့ ဆန္ဒတွေနဲ့ ရဲအရာရှိရဲ့ စုံစမ်းမှုတွေ တစ်ပြိုင်နက် ဖြစ်လာတဲ့အခါ သူတို့ချင်း ထိပ်တိုက်တွေ့ဖို့ အကြောင်းဖန်လာတယ်။ Ayanna Misola နဲ့ Rob Guinto တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း