ဇာတ်ကားများ ရွေးရန်

Mr. Go

2013ဇာတ်ကားအမှတ် 6.6/10132 မိနစ်

Mr. Go (2013) အိမ်မွေးတိရစ္ဆာန်လေးတွေက လူသားတွေလုပ်သလို လိုက်တုပလုပ်နိုင်ကြရင် ပိုင်ရှင်တွေအနေနဲ့ သဘောကျလေ့ရှိတာ သဘာဝပါပဲမလား ပရိသတ်ကြီးတို့ .. ဒါဆိုရင် ဘေ့စ်ဘောအားကစားကို လူသားတွေထက်တောင် ကျွမ်းကျင်စွာကစားနိုင်တဲ့ ဂေါ်ရီလာမျောက်ဝံကြီးကိုသာ ပရိသတ်ကြီး မြင်ခွင့်ရမယ်ဆိုရင် ဘယ်လိုခံစားရလောက်မလဲ...... ဒီလိုထူးခြားတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးတစ်ကားကို ပရိသတ်ကြီးကို တင်ဆက်လိုက်ရပါတယ်။ ဇာတ်ညွှန်းအနေနဲ့ .. အသက် ၁၅ နှစ်ရွယ် ဝေဝေဆိုတဲ့ တရုတ်မလေးဟာ သူ့ရဲ့အဘိုး ဆုံးပါးသွားပြီးတဲ့နောက်မှာ ရုံဟွာဆပ်ကပ်အဖွဲ့ကို ဦးဆောင်ဖို့ ဖြစ်လာခဲ့ပြီး အဘိုးဖြစ်သူ ချန်ရစ်ခဲ့တဲ့ အကြွေးတွေကိုပါ တာဝန်ခံဆပ်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒုက္ခပေါ်ဒုက္ခဆင့်နေတဲ့အချိန်မှာ ကံကြမ္မာမျက်နှာသာပေးမှုကြောင့် အခွင့်အရေးတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ ဘေ့စ်ဘောလူသစ်ရှာရှာဖွေရေးအေးဂျင့်တစ်ဦးဖြစ်တဲ့ ဆောင်းချွန်းဆူဟာ ဝေဝေတို့ဆပ်ကပ်အဖွဲ့က ဘေ့စ်ဘောရိုက်တတ်တဲ့ ဂေါ်ရီလာမျောက်ဝံ လင်းလင်းရဲ့သတင်းကို ကြားပြီး လာရောက်ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဝေဝေနဲ့ လင်းလင်းတို့ ကိုးရီးယားကို ရောက်လာခဲ့ပြီး ဘဝစာမျက်နှာအသစ်ကို မျှော်လင့်ချက်များနဲ့အတူ ဖွင့်လှစ်ခဲ့ကြပြီးနောက်....ရှေ့လျှောက် ဘာတွေဖြစ်လာကြမလဲဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဆောင်းချွန်းဆူအဖြစ် ဝါရင့်မင်းသားကြီး Sung Dong-Il နဲ့ ဝေဝေအဖြစ် တရုတ်မင်းသမီးလေး Jiao Xu တို့အပြင် တခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ File size…1.91GB / 876MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 12 min. Genre ….. Comedy, Drama, Sports Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း