ဇာတ်ကားများ ရွေးရန်

Don’t Cry, Butterfly

2025ဇာတ်ကားအမှတ် 6.2/1097 မိနစ်

Don’t Cry, Butterfly (2025) IMDb Rating (6.3) Don't Cry, Butterfly ဟာ ၂၀၂၄-၂၀၂၅ အတွင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာပြသခွင့်ရခဲ့ပြီး Venice Film Festival လိုနေရာမျိုးမှာတောင် ဆုတံဆိပ်တွေဆွတ်ခူးခဲ့တဲ့ ဗီယက်နမ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ဟနွိုင်းမြို့မှာ နေထိုင်တဲ့ တမ် ဆိုတဲ့ အိမ်ထောင်ရှင်အမျိုးသမီးကိုအခြေခံထားတာပါ။ သူဟာ သူ့ခင်ပွန်းဖြစ်သူနောက်မီးလင်းနေတာကို ရုပ်မြင်သံကြားသတင်းတစ်ခုကနေ သိလိုက်ရပါတယ်။ အဲ့ဒါကို ခင်ပွန်းဖြစ်သူနဲ့ထိပ်တိုက်ဆုံရှင်းရမယ့်အစား ပျက်စီးနေတဲ့ အိမ်ထောင်ရေးကိုပြန်အဆင်ပြေစေဖို့ အောက်လမ်းအတတ်တွေယတြာတွေဘက်ကိုရောက်သွားရာကနေ သူတို့အိမ်ထဲမှာအမှောင့်ပယောဂတစ်ခုစွဲကပ်လာပါတော့တယ်။ ဇာတ်လမ်းကရိုးရှင်းပေမယ့် indie ဆန်တဲ့ တင်ဆက်ပုံ၊ Visual Style တွေကအစဆန်းကြယ်လှပတဲ့ဇာတ်ကားတစ်ကားပါ။ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ အဲ့ဒီအခြေအနေကိုရင်ဆိုင်တဲ့ သာမန်အမျိုးသမီးတစ်ယောက်ရဲ့ဘ၀တိုက်ပွဲကို ပုံစံအသစ်တစ်မျိုးနဲ့တင်ဆက်ထားသလို လူတစ်ယောက်ရဲ့အတွင်းစိတ်ဆန္ဒဟာ ဘယ်လိုအရာတွေကိုလုပ်ဆောင်စေနိုင်တဲ့အထိ တွန်းအားပေးနိုင်သလဲဆိုတာကိုပါ မီးမောင်းထိုးပြထားတဲ့ Psychological Drama ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ File size… (1.6 GB) / (870 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,Fantasy Duration…. 01:36:03 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း