ဇာတ်ကားများ ရွေးရန်

What's Up with Secretary Kim?

2025ဇာတ်ကားအမှတ် 7.0/1097 မိနစ်

What's Up with Secretary Kim? (2025) IMDb Rating (7.8) ကင်ဘာလေဟာ ဂျာဗား လုပ်ငန်းစုကြီးရဲ့ဥက္ကဌရန်ဒရာဆီမှာ ကိုးနှစ်တိုင်တိုင်သစ္စာရှိရှိအလုပ်လုပ်ခဲ့တဲ့အတွင်းရေးမှူးတစ်ဦးပါ။ သူ့ရဲ့ထက်မြက်တဲ့ဦးဆောင်မှု၊ စေ့စပ်ကျွမ်းကျင်မှု၊ အကွက်မြင်ထောင့်စေ့မှုတွေဟာ သူ့ကိုတင်မက ရန်ဒရာလက်ရှိရောက်နေတဲ့နေရာ၊ ရနေတဲ့ အောင်မြင်မှုတွေရဲ့ အခရာလည်းဖြစ်ခဲ့ပါတယ်။ တစ်နေ့တော့ ကင်ဘာလေက မမျှော်လင့်ပဲ အလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ရန်ဒရာတစ်ယောက် သူ့အပေါ်ရှိနေတဲ့ ခံစားချက် နက်နက်နဲနဲတွေကိုသတိထားမိလာပါတော့တယ်။ ကင်ဘာလေ နူတ်ထွက်လိုက်ရတဲ့အကြောင်းရင်းကလည်းငယ်ဘ၀တုန်းက ထိတ်လန့်ဖွယ်အဖြစ်ဆိုးတစ်ခုမှာဆုံခဲ့ရတဲ့ နာမည်တောင်မမှတ်မိတော့တဲ့ကောင်လေးတစ်ယောက်ကိုရှာဖွေဖို့ပါပဲ။ဒါပေမယ့်လည်း ကင်ဘာလေ သူ့အနားမှာမရှိရင်မဖြစ်တော့ဘူးဆိုတာကို သိလိုက်ရပြီဖြစ်တဲ့ ရန်ဒရာကတော့ ကင်ဘာလေကိုရတဲ့နည်းနဲ့သူ့ဘက်ပါအောင်ဆွဲဆောင်တော့မှာပဲဖြစ်ပါတယ်။ What's Up With Secretary Kim ၂၀၂၅ ဟာ ၂၀၁၈ တုန်းကနာမည်ကျော် ကိုရီးယားစီးရီးစ် What's Wrong with Secretary Kim ကိုအင်ဒိုနီးရှားပရိသတ်တွေအတွက် မူတစ်မျိုးနဲ့ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ မူလ ၁၆ ပိုင်းရှိတဲ့ ဇာတ်လမ်းတွဲကို ရုပ်ရှင်ဇာတ်ကားအဖြစ်အသက်သွင်းထားတာဖြစ်တဲ့အတွက် အားသာချက်၊ အားနည်းချက် ကိုယ်စီရှိနိုင်ပေမယ့် အရသာသစ်တစ်မျိုးကိုခံစားရစေနိုင်မှာတော့ အသေအချာဖြစ်တဲ့ ဇာတ်ကားကောင်းပါပဲ။ File size… (1.1 GB) / (680 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Romance Duration…. 01:39:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း