Everyone Knows Every Juan
Everyone Knows Every Juan (2025) IMDb Rating (7.4) စီဗီလာ မောင်နှမတစ်စုဟာ မိခင်ကွယ်လွန်ခြင်းတစ်နှစ်ပြည့်မှာ သူတို့ငယ်စဉ်ကတည်းက နေထိုင်ခဲ့တဲ့ အိမ်ဟောင်းကြီးကိုပြန်လည်ရောက်ရှိလာကြပါတယ်။ သူတို့မောင်နှမတွေဟာ အစ်ကိုအကြီးဆုံး တူပေ့ အသက် ၇၀ ကနေပြီး အငယ်ဆုံးသမီး မီရာကယ်လူလတ်ပိုင်းအထိ အရွယ်စုံပါဝင်ပြီး အလုပ်အကိုင်နဲ့စိတ်နေစိတ်ထား ခံယူချက်တွေဟာ လည်းတစ်ယောက်တစ်ပေါက်ဖြစ်ပါတယ်။ ဒီလို အရွယ်စုံ အလွှာစုံ မောင်နှမတွေမဖြစ်မနေစုဝေးကြရတဲ့ ပွဲလေးဟာ မကြာခင်မှာပဲ တစ်ယောက်နဲ့တစ်ယောက်ကြားကဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ၊ နာကျည်းမှုတွေနဲ့ ဝုန်းဒိုင်းကြဲ ပွက်လောရိုက်ဖို့ဖြစ်လာပါတော့တယ်။ ဒီဖြစ်ရပ်တွေကပဲသူတို့မောင်နှမတွေကြားက သံယောဇဉ်ကြိုးတွေကို စမ်းသပ်ရာဖြစ်လာမှာဖြစ်ပါတယ်။ မိဘတွေ ကွယ်လွန်ပြီးမောင်နှမတွေပြန်လည်ဆုံတွေ့တဲ့ ဇာတ်လမ်းမျိုးဟာ အသစ်အဆန်းမဟုတ်ပေမယ့် ဒါရိုက်တာလည်းဖြစ်သရုပ်ဆောင်လည်းဖြစ်တဲ့ Alessandra de Rossi ကဇာတ်ကားကို One Take နဲ့ရိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ သရုပ်ဆောင်တွေအတွက်ရောဒါရိုက်တာအတွက်ပါ စိန်ခေါ်မှုကြီးပေမယ့် တာဝန်ကျေခဲ့ကြတဲ့အတွက် သေသပ်လှပတဲ့ ရိုက်ချက်တွေနဲ့ စီနီမာတိုဂရပ်ဖီကိုတွေ့မြင်ရမှာပါ။ နာမည်ကျော်ဝါရင့် သရုပ်ဆောင်ကြီးတွေချည်းပါဝင်ထားတာဖြစ်လို့ သရုပ်ဆောင်မှုက လုံး၀ အပြစ်ပြောစရာမရှိသလို သဘာ၀ကျတဲ့ဟာသတွေကြောင့်မနားတမ်းခွီနေရမှာလည်းဖြစ်ပါသေးတယ်။ ဇာတ်လမ်းစကတည်းက ကိုယ်တိုင်သူတို့နဲ့အတူ စီးမျောပါဝင်သွားပြီး စီဗီလာ အိမ်သားတစ်ယောက်အဖြစ်တစ်သားတည်းကျသွားသလိုခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (2.5 GB) / (1.4 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:50:30 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း