Black Blood (aka) Getih Ireng
Black Blood (2025) IMDb Rating (7.7) "Getih Ireng" (Black Blood / သွေးမည်း) ဆိုတာ ၂၀၂၅ အောက်တိုဘာလက အင်ဒိုနီးရှားမှာ ရုံတင်ခဲ့တဲ့ သဘာဝလွန် သရဲကားကောင်းတစ်ကားပါ။ ဒီကားလေးက X (Twitter) မှာ အရမ်းနာမည်ကြီးခဲ့တဲ့ JeroPoint ရဲ့ ဖြစ်ရပ်မှန် Thread ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရတာ ပိုပြီး ရင်ဖိုစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ပရမ် (Pram) နဲ့ ရီနာ (Rina) ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်က ကလေးအရမ်းလိုချင်နေကြသူတွေပေါ့။ သူတို့က ဘဝသစ်တစ်ခုစဖို့ ဝိုနိုဆိုဘို (Wonosobo) ဆိုတဲ့ တောင်ပေါ်မြို့လေးကို ပြောင်းရွှေ့လာကြတယ်။ ဒါပေမဲ့ အိမ်သစ်ရောက်ကတည်းက ရီနာတစ်ယောက် ထူးဆန်းတာတွေ စကြုံရတော့တာပဲ။ အိမ်ကို သေချာရှင်းလင်းထားပေမဲ့ ကြမ်းပြင်ပေါ်မှာ မြေကြီးတွေ ပြန့်ကျဲနေတာမျိုး၊ တောင်ပေါ်ဒေသဖြစ်ပေမဲ့ ညဘက်တွေဆို အိုက်စပ်ပြီး ပူလောင်နေတာမျိုးတွေ ကြုံရတယ်။ အဆိုးဆုံးကတော့ အိမ်သစ်တက်ပွဲလုပ်တဲ့နေ့မှာ ရီနာက ကြောက်စရာကောင်းတဲ့ အဘိုးအိုတစ်ယောက်ကို စမြင်ရတာပါပဲ။ အဘိုးကြီးက ရီနာ့ရဲ့ အိပ်မက်တွေထဲအထိပါ လိုက်နှောင့်ယှက်ပြီး ခြောက်လှန့်တယ်။ မကြာခင်မှာပဲ ရီနာ ကိုယ်ဝန်ရသွားလို့ လင်မယားနှစ်ယောက် အရမ်းပျော်သွားကြပေမဲ့ ပျော်ရွှင်မှုက သိပ်မခံပါဘူး။ အဘိုးကြီးအကြောင်း အိပ်မက်ဆိုးမက်ပြီးတဲ့နောက်မှာ ရီနာ ကိုယ်ဝန်ပျက်ကျသွားတယ်။ ရီနာကတော့ ဒါဟာ သာမန်မဟုတ်ဘဲ နာမ်လောကရဲ့ ပယောဂတစ်ခုခုကြောင့်လို့ ယုံကြည်နေပေမဲ့ ခင်ပွန်းဖြစ်သူ ပရမ်ကတော့ အစပိုင်းမှာ သိပ်မယုံချင်ဘူးပေါ့။ နောက်ဆုံး ရီနာက ဒေသခံဆရာတစ်ယောက်ဆီ သွားမေးတဲ့အခါမှ သူတို့လင်မယားဟာ "Getih Ireng" ဆိုတဲ့ ဆွေစဉ်မျိုးဆက် သွေးကိုလိုက်ပြီး ဒုက္ခပေးတတ်တဲ့ အင်မတန် ရက်စက်တဲ့ အောက်လမ်းပညာ (Santet) အလုပ်ခံထားရမှန်း သိလိုက်ရတယ်။ ဒီအောက်လမ်းကြောင့် ရီနာ ကိုယ်ဝန်ရလာတိုင်း ပျက်ကျနေမှာဖြစ်ပြီး တစ်သက်လုံး ကလေးရနိုင်တော့မှာ မဟုတ်ဘူးလို့ ဆရာက ဟောလိုက်ပါတယ်။ ဒီတော့ သူတို့လင်မယားနှစ်ယောက်ကို ဘယ်သူက၊ ဘာအငြိုးနဲ့ ဒီလောက် ရက်စက်တဲ့ အောက်လမ်းပညာနဲ့ ဒုက္ခပေးနေတာလဲ? ရီနာနဲ့ ပရမ်တို့ရော ဒီကျိန်စာဆိုးကြီးကနေ လွတ်မြောက်ပြီး သူတို့လိုချင်တဲ့ သားသမီးရတနာကို ပိုင်ဆိုင်နိုင်ပါ့မလား? ဆိုတာကို စိတ်လှုပ်ရှား ရင်ဖိုစရာ ကြည့်ရှုရမယ့် ကားလေးပါ။ File size… (1.5 GB) / (910 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:46:39 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း