ဇာတ်ကားများ ရွေးရန်

The Tank

2023ဇာတ်ကားအမှတ် 5.2/10100 မိနစ်

ဘန်နဲ့ သူ့ဇနီး ဂျူးလ်တို့ဟာ မမျှော်လင့်ဘဲ ကမ်းရိုးတန်းဒေသက အပန်းဖြေအိမ်ကြီးတစ်အိမ်ကို အမွေဆက်ခံဖို့ ဖြစ်လာပါတယ်။ နှစ်လေးဆယ်လောက် လူမနေခဲ့တဲ့အိမ်ကို မိသားစုလိုက် သွားကြည့်တဲ့အခါ အိမ်က အိုဟောင်းနေပေမယ့် ပတ်ဝန်းကျင်မှာတော့ လှပတဲ့ကမ်းခြေနဲ့ သဘာဝရှုခင်းတွေကို တွေ့ကြရတယ်။ ခြံဝန်းထဲမှာလည်း မြေအောက်စမ်းရေနဲ့ ဆက်ထားတဲ့ ရေလှောင်ကန်ကြီးတစ်ခု ရှိနေပါတယ်။ ဒါပေမယ့် ဘန်ရဲ့အမေက ဒီအိမ်ရှိတဲ့အကြောင်းကို ဆုံးပါးသွားတဲ့အထိ လျှို့ဝှက်ထားခဲ့တာပါ။ အမေက ဘာကြောင့် မပြောပြခဲ့တာလဲ၊ အိမ်ကြီးထဲမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဇာတ်လမ်းကို ဆက်ထားတဲ့ ထိတ်လန့်သည်းဖိုကားပါ။

ဇာတ်လမ်းအကြောင်း