ဇာတ်ကားများ ရွေးရန်

Glass Onion: A Knives Out Mystery

2022ဇာတ်ကားအမှတ် 7.1/10140 မိနစ်

ဘီလီယံနာတစ်ယောက်က အားလပ်ရက်မှာ သူ့မိတ်ဆွေဟောင်းတွေကို ကိုယ်ပိုင်ကျွန်းပေါ် ဖိတ်ခေါ်လိုက်ပါတယ်။ အမတ်၊ မော်ဒယ်၊ ယူကျုဆယ်လီနဲ့ သိပ္ပံပညာရှင် စသဖြင့် လူစုံပါလာတဲ့ ဒီအပန်းဖြေခရီးမှာ စားသောက်အနားယူရင်း လူသတ်ပဟေဠိဖော်တဲ့ ကစားပွဲတစ်ခု ကစားကြဖို့ပါ။ နာမည်ကျော်စုံထောက် ဘန်ဝါးဘလန့်လည်း ဖိတ်ခေါ်ခံရသူတွေထဲမှာ ပါလာတယ်။ ကျွန်းပေါ်မှာ ဘယ်သူတွေ သေဆုံးပြီး အမှုတွေကို ဘယ်လိုလိုက်ကြမလဲဆိုတာကတော့ ဟာသနဲ့ ဉာဏ်စမ်းတွေကြားမှာ ဆက်ပေါ်လာမှာပါ။ ၂၀၁၉ ခုနှစ်က Knives Out ရဲ့ ဒုတိယရုပ်ရှင်ဖြစ်ပေမယ့် ပထမကားကအမှုနဲ့ မဆက်စပ်တဲ့ သီးခြားဇာတ်လမ်း ဖြစ်ပါတယ်။ ဒန်နီရယ်ခရိတ်က စုံထောက် ဘန်ဝါးဘလန့်အဖြစ် ပြန်ပါဝင်ထားပြီး Edward Norton၊ Janelle Monáe၊ Dave Bautista၊ Jessica Henwick နဲ့ Ethan Hawke တို့လည်း သရုပ်ဆောင်ထားကြတယ်။ Glass Onion ဆိုတဲ့အမည်က Beatles အဖွဲ့ရဲ့ သီချင်းကို ကိုးကားထားတာပါ။

ဇာတ်လမ်းအကြောင်း