Plebs: Soldiers of Rome
ရောမမှာ စစ်ပြန်သူရဲကောင်းတွေကို စားသောက်ဆိုင်တွေက အခမဲ့ကျွေးမွေးရမယ်ဆိုတဲ့ အမိန့်ထွက်လာပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်က ဒီအမိန့်ကို ကလန်ကဆန်လုပ်မိတော့ သူတို့ဆိုင်တစ်ဆိုင်လုံး ပျက်စီးသွားရတယ်။ အဲဒီနောက် အမိန့်စာကပ်ခံရတဲ့ အိုးအိမ်တွေကို စစ်ပြန်တွေဆီ ရောင်းရမယ်ဆိုတဲ့ အမိန့်ကြောင့် အိမ်ရှင်ကပါ သူ့ကို နှင်ချလိုက်လို့ ဆိုင်ရော နေစရာပါ ဆုံးရှုံးသွားပါတယ်။ သူရဲကောင်းတွေ အရေးပေးခံရပြီး စစ်သားတွေ အခွင့်အရေးရနေတဲ့ အဲဒီကာလမှာ စစ်ပွဲတွေ အပြီးတိုင်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးဆီ ဦးတည်ဖို့ အမိန့်တစ်ရပ် ထွက်လာပြန်တယ်။ ဒီတော့ သူနဲ့ သူငယ်ချင်းတစ်စုဟာ တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့် စစ်ပွဲတွေက တကယ်ပဲ အပြီးတိုင်ရပ်သွားမှာလား၊ ရပ်စဲဖို့ရော ဖြစ်နိုင်ပါ့မလားဆိုတာ သူငယ်ချင်းသံယောဇဉ်ကို အခြေခံထားတဲ့ ဒီရောမခေတ် စစ်ဟာသဇာတ်လမ်းမှာ ဆက်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း